Lenovo ကနေ ဒီနှစ်အတွက် ပထမဆုံးစမတ်ဖုန်းအနေနဲ့ Lenovo S5 အမည်ရှိတဲ့ စမတ်ဖုန်းတစ်ခုကို မိတ်ဆက်သွားဖို့ ရှိနေပါတယ်။ အခုသတင်းကိုတော့ ကုမ္ပဏီရဲ့ Executive ဖြစ်တဲ့ Chang Chang ကနေ Teaser ဓါတ်ပုံကို Weibo ကနေ ထုတ်ပေးပြီး အသိပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါ Teaser ဓါတ်ပုံက လက်ဝှေ့ထိုးတဲ့လက်အိတ်ပုံဖြစ်ပြီးတော့ S ဆိုတဲ့ အက္ခရာကို ရေးထားတာပဲဖြစ်ပါတယ်။ အဆိုပါ လက်ဝှေ့ထိုးတဲ့လက်အိတ်ဆိုတာကလည်း ဖုန်းရဲ့ Battery ကိုရည်ရွယ်တာဖြစ်နိုင်ပြီးတော့ Lenovo S5 ဖုန်းမှာ အလွန်ကြီးမားတယ်လို့ ပြောလို့ရတဲ့ 6000mAh Battery ပါဝင်မှာပဲဖြစ်ပါတယ်။

အခြားသော အသေးစိတ်အချက်အလက်တွေကိုတော့ Lenovo ကနေ ပြောကြားထားခြင်းမရှိသေးပေမယ့် MediaTek Processor ၊ RAM 4GB နဲ့ Dual Camera စနစ်ကို အသုံးပြုထားမယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် အခုနောက်ပိုင်းခေတ်စားနေတဲ့ 18:9 Full Screen Display ကို အသုံးပြုလာဖို့ကလည်းသေချာသလောက်ရှိနေပါတယ်။

အခု Lenovo S5 စမတ်ဖုန်းရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ လာမယ့် မတ်လ ၂၀ ရက်နေ့မှ စောင့်ကြည့်လိုက်ရအောင်လား?