Lenovo က TC550 Wireless နားကြပ်ကို ကြေညာလိုက်ပြီး Active Noise Cancellation ပါလာပါတယ်။ ၂၄၉ ယွမ် သတ်မှတ်ထားပြီး ၃၆ ဒေါ်လာဝန်းကျင် တန်ကြေးရှိပါတယ်။

Lenovo TC550 Wireless Headset

Lenovo TC550 TWS နားကြပ်မှာ 10mm Full-range Driver တပ်ဆင်ထားပါတယ်။ 304 Stainless Steel ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး ဘေ့စ် အသံထွက် ကောင်းမွန်စေတဲ့ RuFeB Permanent Magnet နဲ့ PU&PEEK Polymer Composite ထည့်သွင်းထားပါတယ်။

Lenovo TC550 Wireless Headset

25dB ANC Active Noise Cancellation ထောက်ပံ့ထားတဲ့အတွက် ပတ်ဝန်းကျင်က အသံဆူညံမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ နားပုံသဏ္ဍာန် အပေါ် မူတည်ပြီး ရွေးချယ်လို့ရတဲ့ မတူညီတဲ့ Earplugs ၅ ခု ထည့်သွင်းပေးထားပါတယ်။

Lenovo TC550 Wireless Headset

နားကြပ်မှာ Bluetooth 5.3 ဆက်သွယ်မှု ထောက်ပံ့ထားပြီး ဂိမ်းကစားတဲ့အခါမှာ Lag ကို လျှော့ချပေးနိုင်ပါတယ်။ Charging Box မှာ 450mAh ဘက်ထရီ တပ်ဆင်ထားပြီး Qi Standard Wireless Charging ပါပါတယ်။ Charging Box ကို USB Type-C Port ကနေလည်း အားသွင်းနိုင်ပါတယ်။ နားကြပ်တစ်ခုစီရဲ့ ဘက်ထရီ သက်တမ်းက ၆ နာရီ ဖြစ်ပြီး Charging Box နဲ့ တွဲလိုက်ရင် နာရီ ၃၀ အသုံးခံပါတယ်။

Ref : gizmochina