လက်ရှိအချိန်မှာ စမတ်ဖုန်းတွေတင်မဟုတ်ဘဲ Laptop တွေမှာပါ USB-C Charging ကို Support ပြုလုပ်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် Gaming Laptop အများစုမှာကတော့ Power စားသုံးမှုမြင့်မားတာကြောင့် USB-C ကနေ လုံလောက်တဲ့ Power Output ကိုမရရှိသေးတာကြောင့် USB-C Charging ပါဝင်တယ်ဆိုပေမယ့် Secondary အနေနဲ့ပဲ ဂိမ်းမဆော့တဲ့အချိန်မှာ အားသွင်းနိုင်မှာဖြစ်ပါတယ်။

ဒါကို Lenovo ကနေ ပြောင်းလဲသွားဖို့စီစဥ်နေပြီးတော့ အခု Lenovo China Marketing Director တစ်ဦးရဲ့ Weibo စာမျက်နှာမှာ တင်ထားတဲ့ Post အရ 135W USB-C Charger ကို မိတ်ဆက်လာတော့မှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ 135W USB-C PD Charger ဟာ မကြာခင်မှာ မိတ်ဆက်ဖို့ရှိနေတဲ့ Lenovo Legion Gaming Laptop တွေမှာ အသုံးပြုလာမယ်လို့ ယူဆရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလတုန်းက USB Implementers Forum (USB-IF) ကနေ USB-PD (Power Delivery) 3.1 Standard အသစ်ကို သတ်မှတ်ခဲ့တာဖြစ်ပြီး လက်ရှိ PD 3.0 ရဲ့ အမြင့်ဆုံးအားသွင်းနိုင်စွမ်းဖြစ်တဲ့ 100W ကနေ 240W အထိကို အားသွင်းနိုင်စေမှာဖြစ်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ 240W အထိ အားသွင်းပေးနိုင်တဲ့ USB-C PD Charger တွေကို တွေ့မြင်ရဖွယ်ရှိနေပါတယ်။

အခု 135W USB-C PD 3.1 Charger ကိုတော့ Legion Y7000P Gaming Laptop မှာ ထည့်သွင်းလာမှာဖြစ်ပြီးအဆိုပါ Laptop ဟာ 2K 165Hz 16:9 Display ပါဝင်လာမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တခြားသော Specification တွေကိုတော့ အသေးစိတ်မသိရှိရသေးပါဘူး။

Lenovo ရဲ့ပြောကြားချက်အရတော့ အဆိုပါ 135W USB-C PD 3.1 Charger ဟာ တခြားသော Laptop Charger တွေနဲ့ ယှဥ်ရင် သေးငယ်ပြီးတော့ တခြားသော Laptop တွေ၊ စမတ်ဖုန်းတွေနဲ့ Accessories တွေကိုပါ အားသွင်းပေးနိုင်မှာဖြစ်ပါတယ်။

Ref – Gizmo China