OPPO ကနေ ပြီးခဲ့တဲ့ လပိုင်းတုန်းက ထုတ်လုပ်ခဲ့တဲ့ Find X စမတ်ဖုန်းဟာ Find Series ဖုန်းတွေထဲမှာ ၄ နှစ်လောက် ပျောက်ကွယ်နေခဲ့ပြီးမှ ထွက်လာတဲ့ စမတ်ဖုန်းတစ်ခုဖြစ်ပါတယ်။ အခုလိုမျိုး နှစ်တွေကြာပြီးမှ OPPO အနေနဲ့ Flagship ဖုန်းအသစ်ကို မိတ်ဆက်တာဖြစ်ပေမယ့်လည်း OPPO Find X ဟာ အောင်မြင်မှုတွေရရှိခဲ့တဲ့ ဖုန်းတစ်လုံးဖြစ်ခဲ့ပါတယ်။

ဒါကလည်း အဓိကအနေနဲ့ Screen ကို လုံးဝ ဘေးဘောင်တွေပျောက်သွားအောင် ဆောင်ရွက်ခဲ့တာဖြစ်ပြီးတော့ လက်ရှိအချိန်မှာ OPPO Find X ရဲ့ Screen-to-Body Ratio ကို မှီတဲ့ စမတ်ဖုန်းတောင်မရှိဘူးလို့ ပြောလို့ရနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုအချိန်မှာဆိုရင် Find X ရဲ့ ဒီဇိုင်းကို အခြေခံပြီး ထုတ်လုပ်လာမယ့် ဖုန်းတွေကိုတောင် တွေ့လာရပြီဖြစ်ပါတယ်။

အဆိုပါ စမတ်ဖုန်းတွေကတော့ Huawei ရဲ့ Honor  Magic 2 ဖုန်းဖြစ်ပြီးတော့ Huawei ကနေ မနေ့က IFA 2018 ပွဲမှာ Teaser ထုတ်ပေးလိုက်တာဖြစ်ပါတယ်။ နောက်ထပ် Mi Mix 3 နဲ့အတူ Lenovo ရဲ့ စမတ်ဖုန်းအသစ်လည်း အခုနည်းပညာကို သုံးလာတော့မှာဖြစ်ပါတယ်။

အခုလိုမျိုး Lenovo ကနေ ထုတ်လုပ်သွားမယ့် Camera Slider Concept နဲ့ဖုန်းဟာဆိုရင် လက်ရှိအချိန်မှာ ဘယ်လိုနာမည်နဲ့ဖြစ်လာမလဲဆိုတာကိုတော့ မသိရသေးပေမယ့် သေချာတာကတော့ Camera ကို ဖုန်းရဲ့ အပေါ်ပိုင်းမှာ မြူပ်ထားမှာနဲ့ Under-Display Fingerprint ပါဝင်လာတော့မှာဖြစ်ပါတယ်။

ဘာပဲပြောပြော Camera Slide နည်းပညာက ခေတ်စားလာတော့မှာပါ။