ယခင္က သတင္းထြက္ထားတဲ့အတုိင္းပဲ ႏုိဝင္ဘာ တစ္ရက္ေန႔မွာ Lenovo Z5 Pro ဖုန္းရဲ႕ အခ်က္အလက္ေတြ တရားဝင္ မိတ္ဆက္လာခဲ့ပါျပီ။ Mi Mix 3 နဲ႔ Honor Magic 2 တုိ႔လိုပဲ Slider ဖုန္းတစ္လုံး ျဖစ္ျပီး Lenovo ကေတာ့ Screen-to-Body ျမင္ကြင္းအခ်ဳိးမွာ အဆုိပါျပိဳင္ဘက္ႏွစ္ဦးထက္ သာလြန္သလို၊ ေစ်းလည္း ပိုခ်ဳိတယ္လို႔ ေၾကြးေၾကာ္လာပါတယ္။
Lenovo Z5 Pro မွာ အျမင့္ဆုံးတန္းဝင္ Snapdragon 845 ခ်စ္ပ္ဆက္အစား Snapdragon 710 ကုိပဲ အသုံးျပဳလာေပမယ့္ က်န္တဲ့အစိတ္အပုိင္းေတြကေတာ့ Flagship ေတြပါပဲ။ Slider ဆုိတဲ့အတုိင္း Notch မပါတဲ့ Screen ၾကီးကုိ လြတ္လြတ္လပ္လပ္ တည္ေဆာက္ထားျပီး 6.39” FHDJ+ (1080 x 2340p) မ်က္ႏွာျပင္ကို ပုိင္ဆုိင္ပါတယ္။ Lenovo ကုမၸဏီရဲ႕ အေျပာအရ ဒီစကရင္ဟာ ေရွ႕ဘက္ Panel တစ္ခုလုံးရဲ႕ ၉၅ ရာခုိင္ႏႈန္းကို ဖုံးလႊမ္းထားတာလို႔ ဆုိတယ္။
Z5 Pro ဖုန္းသစ္ဟာ မန္မုိရီပုိင္းမွာေတာ့ သိပ္ေရြးခ်ယ္စရာ မရွိလွပါဘူး။ 6GB RAM မန္မုိရီနဲ႔ Storage ပမာဏက 64 GB သို႔မဟုတ္ 128 GB ကိုပဲ ေရြးခ်ယ္ႏုိင္တယ္။ MicroSD ကတ္ကို ထည့္ေျပာတာ မေတြ႕ရတဲ့ အတြက္လည္း Storage ပမာဏကို ထပ္ခ်ဲ႕လို႔ မရဘူး ယူဆရပါတယ္။
ေက်ာဘက္မွာေတာ့ Dual ကင္မရာအတြဲကို ျမင္ရျပီး အဓိက 16MP (Sony IMX576) ဆင္ဆာနဲ႔ ဒုတိယ 24MP (Sony IMX519) တုိ႔ ျဖစ္ပါတယ္။ ေရွ႕ဘက္မွာေတာ့ ဆယ္လ္ဖီကင္မရာကို Slider ထဲထည့္ထားျပီး သူလဲ 16MP + 8MP Dual ကင္မရာပါပဲ။ ေရွ႕ဘက္ကင္မရာေတြမွာ Infrared Sensor တစ္ခုပါ ပါဝင္ျပီး နည္းပညာ ပုိျမင့္တဲ့ မ်က္ႏွာသိမွတ္စနစ္ အတြက္ ျဖစ္ပါတယ္။
ဘုိင္အုိမက္ထရစ္ လုံျခဳံေရးစနစ္ဘက္ကို ေျပာရမယ္ဆုိရင္ Z5 Pro မွာ Display ေအာက္ထဲ ထည့္ထားတဲ့ Fingerprint Reader လည္းပါဝင္ပါတယ္။ ဒါကေတာ့ ဟန္းဆက္ရဲ႕ အဓိက Feature တစ္ခုလို႔လည္း ဆုိရမွာပါ။ 3350 mAh ဘကၳရီ ပုိင္ဆုိင္ျပီး Android Oreo ကုိအေပၚက ZUI 10 အုပ္ထားပါတယ္။
လက္ရွိမွာ အၾကိဳအမွာစာေတြ လက္ခံေနျပီ ျဖစ္ျပီး ေနာက္ထပ္ကုိးရက္ေလာက္ ၾကာမွ ေစ်းကြက္ထဲကို တင္ပို႔လာမွာပါ။ Z5 Pro ရဲ႕ ေစ်းႏႈန္းေတြက 64GB ေမာ္ဒယ္အတြက္ ေဒၚလာ ၂၈၇ ျဖစ္ျပီး 128GB ဗားရွင္းက ေဒၚလာ ၃၃၀ ျဖစ္တယ္။ ရရွိႏုိင္တဲ့ ကာလာကေတာ့ Ceramic Black တစ္မ်ဳိးပဲ ေလာေလာဆယ္ ရႏုိင္ပါေသးတယ္။
Ref – GSM Arena
Unicode
ယခင်က သတင်းထွက်ထားတဲ့အတိုင်းပဲ နိုဝင်ဘာ တစ်ရက်နေ့မှာ Lenovo Z5 Pro ဖုန်းရဲ့ အချက်အလက်တွေ တရားဝင် မိတ်ဆက်လာခဲ့ပါပြီ။ Mi Mix 3 နဲ့ Honor Magic 2 တို့လိုပဲ Slider ဖုန်းတစ်လုံး ဖြစ်ပြီး Lenovo ကတော့ Screen-to-Body မြင်ကွင်းအချိုးမှာ အဆိုပါပြိုင်ဘက်နှစ်ဦးထက် သာလွန်သလို၊ ဈေးလည်း ပိုချိုတယ်လို့ ကြွေးကြော်လာပါတယ်။
Lenovo Z5 Pro မှာ အမြင့်ဆုံးတန်းဝင် Snapdragon 845 ချစ်ပ်ဆက်အစား Snapdragon 710 ကိုပဲ အသုံးပြုလာပေမယ့် ကျန်တဲ့အစိတ်အပိုင်းတွေကတော့ Flagship တွေပါပဲ။ Slider ဆိုတဲ့အတိုင်း Notch မပါတဲ့ Screen ကြီးကို လွတ်လွတ်လပ်လပ် တည်ဆောက်ထားပြီး 6.39” FHDJ+ (1080 x 2340p) မျက်နှာပြင်ကို ပိုင်ဆိုင်ပါတယ်။ Lenovo ကုမ္ပဏီရဲ့ အပြောအရ ဒီစကရင်ဟာ ရှေ့ဘက် Panel တစ်ခုလုံးရဲ့ ၉၅ ရာခိုင်နှုန်းကို ဖုံးလွှမ်းထားတာလို့ ဆိုတယ်။
Z5 Pro ဖုန်းသစ်ဟာ မန်မိုရီပိုင်းမှာတော့ သိပ်ရွေးချယ်စရာ မရှိလှပါဘူး။ 6GB RAM မန်မိုရီနဲ့ Storage ပမာဏက 64 GB သို့မဟုတ် 128 GB ကိုပဲ ရွေးချယ်နိုင်တယ်။ MicroSD ကတ်ကို ထည့်ပြောတာ မတွေ့ရတဲ့ အတွက်လည်း Storage ပမာဏကို ထပ်ချဲ့လို့ မရဘူး ယူဆရပါတယ်။
ကျောဘက်မှာတော့ Dual ကင်မရာအတွဲကို မြင်ရပြီး အဓိက 16MP (Sony IMX576) ဆင်ဆာနဲ့ ဒုတိယ 24MP (Sony IMX519) တို့ ဖြစ်ပါတယ်။ ရှေ့ဘက်မှာတော့ ဆယ်လ်ဖီကင်မရာကို Slider ထဲထည့်ထားပြီး သူလဲ 16MP + 8MP Dual ကင်မရာပါပဲ။ ရှေ့ဘက်ကင်မရာတွေမှာ Infrared Sensor တစ်ခုပါ ပါဝင်ပြီး နည်းပညာ ပိုမြင့်တဲ့ မျက်နှာသိမှတ်စနစ် အတွက် ဖြစ်ပါတယ်။
ဘိုင်အိုမက်ထရစ် လုံခြုံရေးစနစ်ဘက်ကို ပြောရမယ်ဆိုရင် Z5 Pro မှာ Display အောက်ထဲ ထည့်ထားတဲ့ Fingerprint Reader လည်းပါဝင်ပါတယ်။ ဒါကတော့ ဟန်းဆက်ရဲ့ အဓိက Feature တစ်ခုလို့လည်း ဆိုရမှာပါ။ 3350 mAh ဘက္ထရီ ပိုင်ဆိုင်ပြီး Android Oreo ကိုအပေါ်က ZUI 10 အုပ်ထားပါတယ်။
လက်ရှိမှာ အကြိုအမှာစာတွေ လက်ခံနေပြီ ဖြစ်ပြီး နောက်ထပ်ကိုးရက်လောက် ကြာမှ ဈေးကွက်ထဲကို တင်ပို့လာမှာပါ။ Z5 Pro ရဲ့ ဈေးနှုန်းတွေက 64GB မော်ဒယ်အတွက် ဒေါ်လာ ၂၈၇ ဖြစ်ပြီး 128GB ဗားရှင်းက ဒေါ်လာ ၃၃၀ ဖြစ်တယ်။ ရရှိနိုင်တဲ့ ကာလာကတော့ Ceramic Black တစ်မျိုးပဲ လောလောဆယ် ရနိုင်ပါသေးတယ်။
Ref – GSM Arena