Zawgyi

ၿပီးခဲ့တဲ့လက Lenovo ဟာ သူတုိ႔ရဲ႕ Z6 Pro Flagship ဖုန္းသစ္ကို မိတ္ဆက္ခဲ့ပါတယ္။ ၄င္းဟာ ကုမၸဏီအတြက္ Snapdragon 855 အသုံးျပဳထားတဲ့ ဒုတိယေျမာက္စမတ္ဖုန္းပါ။ ယေန႔မွာ Lenovo ရဲ႕ Vice President ျဖစ္သူ Chang Cheng ဟာ နာမည္ေက်ာ္ၿပိဳင္ကားအမွတ္တံဆိပ္ Ferrari နဲ႔တြဲဖက္လာမယ္လို႔ ထင္ရတဲ့ Lenovo Z6 Pro Ferrari Edition ကို ထုတ္ျပလိုက္ပါတယ္။

ပုံထဲမွာျမင္ရတဲ့အတုိင္းပဲ Lenovo Z6 Pro Ferrari Edition ဟာ ေနာက္ဘက္မွာ Ferrari လိုဂုိပါၿပီး အနီေရာင္ေတာက္ေတာက္ျဖစ္ေနတာကို ျမင္ရမွာပါ။ ဒါေပမယ့္ Cheng ဟာ ဖုန္းရဲ႕ေစ်းႏႈန္းနဲ႔ ရရွိႏုိင္မယ့္ ေစ်းကြက္စတာေတြကိုေတာ့ ထည့္မေျပာခဲ့ပါဘူး။

တရုတ္ေစ်းကြက္မွာေတာ့ Lenovo Z6 Pro ဟာဗားရွင္းမ်ဳိးစုံနဲ႔လာတယ္လို႔ ဆုိရမွာပါ။ 128GB Storage ကို 6GB / 8GB RAM ေတြနဲ႔တြဲဖက္ထားသလို 8 / 256 GB နဲ႔ 12 / 512GB ဗားရွင္းေတြလည္း ရႏုိင္ပါတယ္။ တကယ္လို႔သာ Ferrari Edition ထြက္လာခဲ့မယ္ဆုိရင္ အျမင့္ဆုံးမန္မုိရီတြဲဖက္မႈနဲ႔ပဲ ထြက္လာႏိုင္ၿပီး အားလုံးထဲမွာ လက္ရွိေစ်းအျမင့္ဆုံးျဖစ္တဲ့ ၄,၉၉၉ ယြမ္ (ျမန္မာေငြ ၁၁ သိန္းေက်ာ္) ထက္ေတာင္ ပိုမ်ားႏုိင္ပါေသးတယ္။

 

Lenovo Z6 Pro ဖုန္းမွာ 6.39” လက္မအရြယ္ S-AMOLED Display ပါဝင္ၿပီး Waterdrop Notch တစ္ခု ထည့္သြင္းထားတယ္။ ေနာက္ဘက္မွာ 48MP + 16MP + 8MP + 2MP Quad-camera ပါဝင္ပါတယ္။ ဆယ္ဖီကင္မရာကေတာ့ 32MP ျဖစ္ၿပီး 4,000mAh ဘကၳရီကို 18W Rapid Charging စနစ္နဲ႔တြဲထားတယ္။

Ref – GSM Arena

Unicode

ပြီးခဲ့တဲ့လက Lenovo ဟာ သူတို့ရဲ့ Z6 Pro Flagship ဖုန်းသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ ၎င်းဟာ ကုမ္ပဏီအတွက် Snapdragon 855 အသုံးပြုထားတဲ့ ဒုတိယမြောက်စမတ်ဖုန်းပါ။ ယနေ့မှာ Lenovo ရဲ့ Vice President ဖြစ်သူ Chang Cheng ဟာ နာမည်ကျော်ပြိုင်ကားအမှတ်တံဆိပ် Ferrari နဲ့တွဲဖက်လာမယ်လို့ ထင်ရတဲ့ Lenovo Z6 Pro Ferrari Edition ကို ထုတ်ပြလိုက်ပါတယ်။

ပုံထဲမှာမြင်ရတဲ့အတိုင်းပဲ Lenovo Z6 Pro Ferrari Edition ဟာ နောက်ဘက်မှာ Ferrari လိုဂိုပါပြီး အနီရောင်တောက်တောက်ဖြစ်နေတာကို မြင်ရမှာပါ။ ဒါပေမယ့် Cheng ဟာ ဖုန်းရဲ့ဈေးနှုန်းနဲ့ ရရှိနိုင်မယ့် ဈေးကွက်စတာတွေကိုတော့ ထည့်မပြောခဲ့ပါဘူး။

တရုတ်ဈေးကွက်မှာတော့ Lenovo Z6 Pro ဟာဗားရှင်းမျိုးစုံနဲ့လာတယ်လို့ ဆိုရမှာပါ။ 128GB Storage ကို 6GB / 8GB RAM တွေနဲ့တွဲဖက်ထားသလို 8 / 256 GB နဲ့ 12 / 512GB ဗားရှင်းတွေလည်း ရနိုင်ပါတယ်။ တကယ်လို့သာ Ferrari Edition ထွက်လာခဲ့မယ်ဆိုရင် အမြင့်ဆုံးမန်မိုရီတွဲဖက်မှုနဲ့ပဲ ထွက်လာနိုင်ပြီး အားလုံးထဲမှာ လက်ရှိဈေးအမြင့်ဆုံးဖြစ်တဲ့ ၄,၉၉၉ ယွမ် (မြန်မာငွေ ၁၁ သိန်းကျော်) ထက်တောင် ပိုများနိုင်ပါသေးတယ်။

 

Lenovo Z6 Pro ဖုန်းမှာ 6.39” လက်မအရွယ် S-AMOLED Display ပါဝင်ပြီး Waterdrop Notch တစ်ခု ထည့်သွင်းထားတယ်။ နောက်ဘက်မှာ 48MP + 16MP + 8MP + 2MP Quad-camera ပါဝင်ပါတယ်။ ဆယ်ဖီကင်မရာကတော့ 32MP ဖြစ်ပြီး 4,000mAh ဘက္ထရီကို 18W Rapid Charging စနစ်နဲ့တွဲထားတယ်။

Ref – GSM Arena