[Zawgyi]

ၿပီးခဲ့တဲ့ MWC ပြဲမွာတုန္းကတည္းက စိတ္ဝင္စားေနခဲ့ရတဲ့ Lenovo ရဲ႕ Z6 Pro ဟာ Hyper Video ဆိုတဲ့ေဝါဟာရေၾကာင့္ ပိုၿပီး စိတ္ဝင္စားစရာ ျဖစ္ခဲ့ရပါတယ္။ Lenovo Z6 Pro နဲ႔ပတ္သက္တဲ့ အေၾကာင္းအရာေတြကို မတ္လ ၂၇ ရက္ေန႔မွာ ထုတ္ေဖာ္ျပသမယ္လို႔ ကုမၸဏီရဲ႕ ဒုတိယဥကၠ႒ Chang Cheng ေျပာထားတဲ့အတိုင္း အခုေတာ့ 100MP ကင္မရာ အသုံးျပဳထားတယ္ဆိုတဲ့အေၾကာင္း တရားဝင္ သိလိုက္ရၿပီ ျဖစ္ပါတယ္။

မတ္လလယ္ေလာက္တုန္းက Qualcomm ရဲ႕ ထုတ္ကုန္စီမံခန႔္ခြဲမႈ စီနီယာ ဒါ႐ိုက္တာ Judd Heape က အသစ္ထုတ္လုပ္မယ့္ Chipset ဟာ 192MP ကင္မရာကို ေထာက္ပံ့ေပးႏိုင္မယ္လို႔ ေျပာခဲ့ပါတယ္။ Judd Heape ရဲ႕ ေျပာဆိုမႈထြက္ေပၚလာၿပီးတဲ့ေနာက္ ဒီ ၂၀၁၉ ခုႏွစ္အတြင္းမွာ 64MP ဒါမွမဟုတ္ 100MP ကင္မရာနဲ႔ စမတ္ဖုန္းေတြ ေပၚေပါက္လာဖြယ္ရွိတယ္လို႔ ခန႔္မွန္းခဲ့ၾကပါတယ္။

အခုေတာ့ Lenovo က Z6 Pro မွာ 100MP ကင္မရာကို တပ္ဆင္ထားတယ္လို႔ အဓိပၸါယ္ရတဲ့ စာသားကို Chang Cheng က Weibo မွာ မွ်ေဝသြားတာကို ေတြ႕ျမင္ရပါတယ္။ ဒါေၾကာင့္ Lenovo Z6 Pro ရဲ႕ HyperVision Camera ဆိုတာဟာ 100MP Sensor နဲ႔ ကင္မရာကိုပဲ ရည္ၫႊန္းတာျဖစ္ႏိုင္တယ္လို႔ ယူဆရမွာပါ။ Z6 Pro ရဲ႕ ကင္မရာဟာ Hyper Video Mode, Super Macro Mode ေတြနဲ႔ ဘယ္လို႐ိုက္ကူးႏိုင္မလဲဆိုတဲ့အေၾကာင္း အေသးစိတ္သိရရင္ေတာ့ ဒီကိစၥက ပိုၿပီးရွင္းလင္းသြားမွာပါ။

ကုမၸဏီက အခုအခ်ိန္ထိ Z6 Pro နဲ႔ ပတ္သက္ၿပီး အေသးစိတ္ေဖာ္ျပျခင္းမရွိေသးေပမယ့္ ဒီစမတ္ဖုန္းဟာ 5G စမတ္ဖုန္း ျဖစ္တယ္လို႔လည္း သတင္းေတြ ထြက္ေပၚေနၿပီး ျဖစ္ပါတယ္။ Qualcomm Snapdragon 855 Chipset အသုံးျပဳထားမွာျဖစ္ၿပီး 12GB of RAM ထည့္သြင္းေပးထားမယ္လို႔လည္း ဆိုၾကပါတယ္။ ေဈးကြက္ထဲကို တရားဝင္ ပို႔ေဆာင္မွာကေတာ့ မူလကတည္းက အသိေပးထားတဲ့ ဇြန္လထဲမွပဲ ျဖစ္မွာပါ။ ဘာပဲျဖစ္ျဖစ္ သိပ္မၾကာခင္ အခ်ိန္အတြင္း Lenovo Z6 Pro အေၾကာင္းေတြ ထပ္ၿပီးေပါက္ၾကားလာေတာ့မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: GSMArena

[Unicode]

Lenovo Z6 Pro မှာ 100MP ကင်မရာတပ်ဆင်ထားကြောင်း သိရပြီ

ပြီးခဲ့တဲ့ MWC ပွဲမှာတုန်းကတည်းက စိတ်ဝင်စားနေခဲ့ရတဲ့ Lenovo ရဲ့ Z6 Pro ဟာ Hyper Video ဆိုတဲ့ဝေါဟာရကြောင့် ပိုပြီး စိတ်ဝင်စားစရာ ဖြစ်ခဲ့ရပါတယ်။ Lenovo Z6 Pro နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို မတ်လ ၂၇ ရက်နေ့မှာ ထုတ်ဖော်ပြသမယ်လို့ ကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌ Chang Cheng ပြောထားတဲ့အတိုင်း အခုတော့ 100MP ကင်မရာ အသုံးပြုထားတယ်ဆိုတဲ့အကြောင်း တရားဝင် သိလိုက်ရပြီ ဖြစ်ပါတယ်။

မတ်လလယ်လောက်တုန်းက Qualcomm ရဲ့ ထုတ်ကုန်စီမံခန့်ခွဲမှု စီနီယာ ဒါရိုက်တာ Judd Heape က အသစ်ထုတ်လုပ်မယ့် Chipset ဟာ 192MP ကင်မရာကို ထောက်ပံ့ပေးနိုင်မယ်လို့ ပြောခဲ့ပါတယ်။ Judd Heape ရဲ့ ပြောဆိုမှုထွက်ပေါ်လာပြီးတဲ့နောက် ဒီ ၂၀၁၉ ခုနှစ်အတွင်းမှာ 64MP ဒါမှမဟုတ် 100MP ကင်မရာနဲ့ စမတ်ဖုန်းတွေ ပေါ်ပေါက်လာဖွယ်ရှိတယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

အခုတော့ Lenovo က Z6 Pro မှာ 100MP ကင်မရာကို တပ်ဆင်ထားတယ်လို့ အဓိပ္ပါယ်ရတဲ့ စာသားကို Chang Cheng က Weibo မှာ မျှဝေသွားတာကို တွေ့မြင်ရပါတယ်။ ဒါကြောင့် Lenovo Z6 Pro ရဲ့ HyperVision Camera ဆိုတာဟာ 100MP Sensor နဲ့ ကင်မရာကိုပဲ ရည်ညွှန်းတာဖြစ်နိုင်တယ်လို့ ယူဆရမှာပါ။ Z6 Pro ရဲ့ ကင်မရာဟာ Hyper Video Mode, Super Macro Mode တွေနဲ့ ဘယ်လိုရိုက်ကူးနိုင်မလဲဆိုတဲ့အကြောင်း အသေးစိတ်သိရရင်တော့ ဒီကိစ္စက ပိုပြီးရှင်းလင်းသွားမှာပါ။

ကုမ္ပဏီက အခုအချိန်ထိ Z6 Pro နဲ့ ပတ်သက်ပြီး အသေးစိတ်ဖော်ပြခြင်းမရှိသေးပေမယ့် ဒီစမတ်ဖုန်းဟာ 5G စမတ်ဖုန်း ဖြစ်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပြီး ဖြစ်ပါတယ်။ Qualcomm Snapdragon 855 Chipset အသုံးပြုထားမှာဖြစ်ပြီး 12GB of RAM ထည့်သွင်းပေးထားမယ်လို့လည်း ဆိုကြပါတယ်။ ဈေးကွက်ထဲကို တရားဝင် ပို့ဆောင်မှာကတော့ မူလကတည်းက အသိပေးထားတဲ့ ဇွန်လထဲမှပဲ ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် သိပ်မကြာခင် အချိန်အတွင်း Lenovo Z6 Pro အကြောင်းတွေ ထပ်ပြီးပေါက်ကြားလာတော့မယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSMArena