[Zawgyi]

Lenovo Z6 Pro စမတ္ဖုန္းဟာ အခုလအတြင္းမွာ ျမင္ကြင္းေပၚေရာက္လာမွာျဖစ္ၿပီး သူ႕မွာ Snapdragon 855 ခ်စ္ပ္ဆက္ကို အသုံးျပဳထားပါတယ္။ ဒီသတင္းႏွစ္ခုလုံးဟာ ေကာလာဟလအျဖစ္ ထြက္ေပၚေနခဲ့တာ ၾကာၿပီျဖစ္ၿပီး အခုေတာ့ ကုမၸဏီရဲ႕ Vice President က သူ႕ရဲ႕ Weibo ပုိစ့္တစ္ခုကေန အတည္ျပဳလိုက္ပါၿပီ။

ဒီဖုန္းရဲ႕ မ်ဳိးဆက္ေဟာင္း Z5 Pro တုန္းက Snapdragon 710 ကုိသာအသုံးျပဳခဲ့ၿပီး ေဖာက္သည္ေတြဟာ Flagship တန္းဝင္ Qualcomm ခ်စ္ပ္ဆက္ကို ျမင္ရဖို႔အတြက္ GT Edition ဟန္းဆက္ကို ေစာင့္ဆုိင္းခဲ့ရပါတယ္။ ေရွ႕ဘက္ဆယ္ဖီကင္မရာကိုထည့္ထားတဲ့ Slider မွာ ကင္မရာႏွစ္လုံးတြဲျဖစ္ေပမယ့္ Lenovo ကထုတ္ျပန္လာတဲ့ ပုံအရေတာ့ ေနာက္ဘက္ကင္မရာက တစ္လုံးတည္း ျဖစ္ေနပါတယ္။ ဒါေပမယ့္ ကင္မရာအႀကီးတစ္လုံးထဲကို ရည္ရြယ္ခ်က္ရွိရွိ အသားေပးျပထားတာျဖစ္ၿပီး ေအာက္မွာေနာက္ထပ္ကင္မရာေတြ ေနရာျခားကာ ထပ္ပါလာတာလည္း ျဖစ္ႏုိင္ပါတယ္။

ဒီဖုန္းမွာ ေခတ္မီ HyperVision ကင္မရာ၊ Super Night View ၊ Super Steady Shot နဲ႔ 100 MP ပုံရိပ္ထုတ္လုပ္ႏုိင္စြမ္း ပါဝင္တယ္ဆုိတာေတာ့ သိထားၾကမွာပါ။ ေနာက္ထပ္ သတင္းေတြကေတာ့ သူ႕မွာ 5G Modem တစ္ခုနဲ႔ Under-display Fingerprint တုိ႔ပါ ထည့္သြင္းလာဦးမယ္လို႔ ဆုိပါတယ္။

Lenovo Z6 Pro ဟန္းဆက္ကို သပ္ရပ္တဲ့ အနက္နဲ႔အနီေရာင္ Box မ်ားျဖင့္ ထုတ္ပုိးေရာင္းခ်သြားမွာျဖစ္ကာ ဒီဇုိင္းကိုဆြဲေပးတဲ့ အဖြဲ႕ဟာ ၂၀၀၈ ခုႏွစ္က ေဘက်င္းအုိလံပစ္မွာ မီးရွဴးတုိင္ ဒီဇုိင္းကို ဖန္တီးေပးခဲ့တဲ့ အဖြဲ႕ပဲ ျဖစ္ပါတယ္။

Ref – GSM Arena

[Unicode]

Lenovo Z6 Pro စမတ်ဖုန်းဟာ အခုလအတွင်းမှာ မြင်ကွင်းပေါ်ရောက်လာမှာဖြစ်ပြီး သူ့မှာ Snapdragon 855 ချစ်ပ်ဆက်ကို အသုံးပြုထားပါတယ်။ ဒီသတင်းနှစ်ခုလုံးဟာ ကောလာဟလအဖြစ် ထွက်ပေါ်နေခဲ့တာ ကြာပြီဖြစ်ပြီး အခုတော့ ကုမ္ပဏီရဲ့ Vice President က သူ့ရဲ့ Weibo ပိုစ့်တစ်ခုကနေ အတည်ပြုလိုက်ပါပြီ။

ဒီဖုန်းရဲ့ မျိုးဆက်ဟောင်း Z5 Pro တုန်းက Snapdragon 710 ကိုသာအသုံးပြုခဲ့ပြီး ဖောက်သည်တွေဟာ Flagship တန်းဝင် Qualcomm ချစ်ပ်ဆက်ကို မြင်ရဖို့အတွက် GT Edition ဟန်းဆက်ကို စောင့်ဆိုင်းခဲ့ရပါတယ်။ ရှေ့ဘက်ဆယ်ဖီကင်မရာကိုထည့်ထားတဲ့ Slider မှာ ကင်မရာနှစ်လုံးတွဲဖြစ်ပေမယ့် Lenovo ကထုတ်ပြန်လာတဲ့ ပုံအရတော့ နောက်ဘက်ကင်မရာက တစ်လုံးတည်း ဖြစ်နေပါတယ်။ ဒါပေမယ့် ကင်မရာအကြီးတစ်လုံးထဲကို ရည်ရွယ်ချက်ရှိရှိ အသားပေးပြထားတာဖြစ်ပြီး အောက်မှာနောက်ထပ်ကင်မရာတွေ နေရာခြားကာ ထပ်ပါလာတာလည်း ဖြစ်နိုင်ပါတယ်။

ဒီဖုန်းမှာ ခေတ်မီ HyperVision ကင်မရာ၊ Super Night View ၊ Super Steady Shot နဲ့ 100 MP ပုံရိပ်ထုတ်လုပ်နိုင်စွမ်း ပါဝင်တယ်ဆိုတာတော့ သိထားကြမှာပါ။ နောက်ထပ် သတင်းတွေကတော့ သူ့မှာ 5G Modem တစ်ခုနဲ့ Under-display Fingerprint တို့ပါ ထည့်သွင်းလာဦးမယ်လို့ ဆိုပါတယ်။

Lenovo Z6 Pro ဟန်းဆက်ကို သပ်ရပ်တဲ့ အနက်နဲ့အနီရောင် Box များဖြင့် ထုတ်ပိုးရောင်းချသွားမှာဖြစ်ကာ ဒီဇိုင်းကိုဆွဲပေးတဲ့ အဖွဲ့ဟာ ၂၀၀၈ ခုနှစ်က ဘေကျင်းအိုလံပစ်မှာ မီးရှူးတိုင် ဒီဇိုင်းကို ဖန်တီးပေးခဲ့တဲ့ အဖွဲ့ပဲ ဖြစ်ပါတယ်။

Ref – GSM Arena