[Zawgyi]

ေတာင္ကုိရီးယားအေျခစိုက္ LG ကုမၸဏီဟာ သူတုိ႔ရဲ႕ ပထမဆုံး 5G စမတ္ဖုန္းကို ေဖေဖာ္ဝါရီ ၂၄ မွာ က်င္းပမယ့္ ဘာစီလိုနာက MWC ပြဲမွာ မိတ္ဆက္လာမယ္လို႔ အတည္ျပဳလုိက္ပါၿပီ။ ကုမၸဏီက အဆုိပါ ဖုန္းမွာ ဘာေတြေမွ်ာ္လင့္ထားရမလဲ ဆုိတာကို ကုိရီးယားမီဒီယာကတဆင့္ ေဖာ္ျပခဲ့ပါတယ္။

5G နက္ဝပ္ခ်ိတ္ဆက္မႈအျပင္ ဒီစမတ္ဖုန္းမွာ Snapdragon 855 ခ်စ္ပ္ဆက္၊ 4,000 mAh ဘကၳရီတုိ႔နဲ႔ Vapor Chamber Cooling စနစ္တုိ႔ ပါဝင္လာမွာပါ။ ဒါေၾကာင့္ ဒီဖုန္းဟာ စြမ္းေဆာင္ရည္ျမင့္ Flagship ဖုန္းတစ္လုံးဆုိတာ ေသခ်ာပါတယ္။

Vapor Chamber အေအးေပးစနစ္ဟာ ဖုန္းရဲ႕အပူခ်ိန္ကို Heat Pipe ေတြထက္ ပိုမုိေလွ်ာ့ခ်ေပးႏုိင္မွာ ျဖစ္ပါတယ္။ ဒီစနစ္ကို Razer Phone 2, Asus ROG တုိ႔လို Gaming ဖုန္းေတြမွာ ေတြ႕ခဲ့ရၿပီး ပုံမွန္ Android ေတြမွာေတာ့ Heat Pipe စနစ္ကိုပဲ သုံးစြဲေနတုန္းပါ။

သူတုိ႔ထုတ္ျပန္ခ်က္ထဲမွာ LG က သူတုိ႔ရဲ႕ 5G ဖုန္းကို အေမရိကန္နဲ႔ ဥေရာပေစ်းကြက္ေတြမွာလည္း ေရာင္းခ်သြားမယ္လို႔ ထည့္သြင္းေဖာ္ျပခဲ့ပါတယ္။ လက္ရွိမွာေတာ့ ဒီဖုန္းကို ဘယ္လိုေခၚမယ္၊ ဒါမွမဟုတ္ ဘယ္လိုပုံရွိမယ္ ဆုိတာကိုေတာင္ မသိရေသးပါဘူး။ MWC 2019 ပြဲဟာ ေဖေဖာ္ဝါရီ ၂၅ ကေန ၂၈ ထိ က်င္းပသြားမွာျဖစ္ၿပီး ၂၀၁၉ အတြက္ ရင္ခုန္စရာ ဖုန္းေတြကို ထုတ္လုပ္သူေတြက အၿပိဳင္အဆုိင္ ျပသၾကမွာပဲ ျဖစ္ပါတယ္။

Ref – Android Authority

[Unicode]

တောင်ကိုရီးယားအခြေစိုက် LG ကုမ္ပဏီဟာ သူတို့ရဲ့ ပထမဆုံး 5G စမတ်ဖုန်းကို ဖေဖော်ဝါရီ ၂၄ မှာ ကျင်းပမယ့် ဘာစီလိုနာက MWC ပွဲမှာ မိတ်ဆက်လာမယ်လို့ အတည်ပြုလိုက်ပါပြီ။ ကုမ္ပဏီက အဆိုပါ ဖုန်းမှာ ဘာတွေမျှော်လင့်ထားရမလဲ ဆိုတာကို ကိုရီးယားမီဒီယာကတဆင့် ဖော်ပြခဲ့ပါတယ်။

5G နက်ဝပ်ချိတ်ဆက်မှုအပြင် ဒီစမတ်ဖုန်းမှာ Snapdragon 855 ချစ်ပ်ဆက်၊ 4,000 mAh ဘက္ထရီတို့နဲ့ Vapor Chamber Cooling စနစ်တို့ ပါဝင်လာမှာပါ။ ဒါကြောင့် ဒီဖုန်းဟာ စွမ်းဆောင်ရည်မြင့် Flagship ဖုန်းတစ်လုံးဆိုတာ သေချာပါတယ်။

Vapor Chamber အအေးပေးစနစ်ဟာ ဖုန်းရဲ့အပူချိန်ကို Heat Pipe တွေထက် ပိုမိုလျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီစနစ်ကို Razer Phone 2, Asus ROG တို့လို Gaming ဖုန်းတွေမှာ တွေ့ခဲ့ရပြီး ပုံမှန် Android တွေမှာတော့ Heat Pipe စနစ်ကိုပဲ သုံးစွဲနေတုန်းပါ။

သူတို့ထုတ်ပြန်ချက်ထဲမှာ LG က သူတို့ရဲ့ 5G ဖုန်းကို အမေရိကန်နဲ့ ဥရောပဈေးကွက်တွေမှာလည်း ရောင်းချသွားမယ်လို့ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ လက်ရှိမှာတော့ ဒီဖုန်းကို ဘယ်လိုခေါ်မယ်၊ ဒါမှမဟုတ် ဘယ်လိုပုံရှိမယ် ဆိုတာကိုတောင် မသိရသေးပါဘူး။ MWC 2019 ပွဲဟာ ဖေဖော်ဝါရီ ၂၅ ကနေ ၂၈ ထိ ကျင်းပသွားမှာဖြစ်ပြီး ၂၀၁၉ အတွက် ရင်ခုန်စရာ ဖုန်းတွေကို ထုတ်လုပ်သူတွေက အပြိုင်အဆိုင် ပြသကြမှာပဲ ဖြစ်ပါတယ်။

Ref – Android Authority