LG ကထုတ်လုပ်နေတဲ့ စမတ်ဖုန်းတွေထဲမှာ X Series စမတ်ဖုန်းတွေဟာဆိုရင် တခုမဟုတ်တစ်ခု ထူးခြားချက်ရှိနေတဲ့ စမတ်ဖုန်းတွေဖြစ်ပြီးတော့ အခုနောက်ဆုံးထုတ်လုပ်လိုက်တဲ့ LG X4+ စမတ်ဖုန်းဟာဆိုရင်လည်း အကြမ်းခံနိုင်တဲံ့ MIL-STD-810G Standard ရှိတဲ့ စမတ်ဖုန်းတစ်ခုဖြစ်တဲ့အတွက် တော်ရုံ အထိအခိုက်ခံနိုင်တဲ့ စမတ်ဖုန်းတစ်ခုပဲဖြစ်ပါတယ်။

အဆိုပါ LG X4+ စမတ်ဖုန်းဟာ Display အနေနဲ့ 5.3″ IPS HD Display ကိုအသုံးပြုထားပြီးတော့ Qualcomm Snapdragon 425 Chipset ကို RAM 2GB ၊ ROM 32GB နဲ့ တွဲဖက်ထားတာဖြစ်ပါတယ်။ Battery အနေနဲ့တော့ 3000mAh Battery ပါဝင်မှာဖြစ်ပြီးတော့ Android 7.0 Nougat ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

အခုအထိကတော့ သာမန် Mid Range ဖုန်းတစ်ခုအနေနဲ့ပဲ သတ်မှတ်နိုင်ပေမယ့် LG ကနေ အခု X4+ စမတ်ဖုန်းမှာ 32 Bit 192kHz Audio တွေကို Support ပြုလုပ်တဲ့ High Quality DAC ကို ထည့်သွင်းပေးထားတဲ့အတွက် သီချင်းနားထောင်ရတာကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် အခြားဘယ်စမတ်ဖုန်းမှာမှ ရရှိမှာမဟုတ်တဲ့အသံထွက်ကို ရရှိနိုင်မယ်လို့ သိရပါတယ်။

ကင်မရာပိုင်းအနေနဲ့ကတော့ 13MP Back Camera နဲ့အတူ Front Selfie Camera ကို Wide Angle 5MP Camera တပ်ဆင်ထားတယ်လို့သိရပါတယ်။ အခု LG X4+ စမတ်ဖုန်းကို ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၂၈၀ ဝန်းကျင်နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။