LG ရဲ့ V30 စမတ်ဖုန်းဟာ လက်ရှိအချိန်မှာ LG ကုမ္ပဏီရဲ့ အကောင်းဆုံးစမတ်ဖုန်းတစ်ခုဖြစ်ပြီးတော့ မကြာခင် Qualcomm Snapdragon 845 CPU အသုံးပြုလာမယ့် LG G6 စမတ်ဖုန်းရဲ့ မျိုးဆက်မထွက်ရှိခင်အထိ အကောင်းဆုံးလို့ ပြောလို့ရပါသေးတယ်။

အခုအချိန်မှာတော့ LG ကနေ သူရဲ့ V30 စမတ်ဖုန်းကို အလွန်လှပတဲ့အရောင်အသစ်တစ်ခုကို ထပ်မံမိတ်ဆက်လိုက်ပါတယ်။ LG ကတော့ အခုအရောင်အသစ်ကို လှပတဲ့နာမည်တစ်ခုဖြစ်တဲ့ Raspberry Rose လို့ ခေါ်ဆိုထားပြီး Raspberry နဲ့ နှင်းဆီအရောင်ရောထားသလိုမျိုးကို ပန်းဆီရောင်တောက်ပနေမှာဖြစ်ပါတယ်။

LG ကတော့ အခုအရောင်အသစ်ကို အခြားသောစမတ်ဖုန်းထုတ်လုပ်သူတွေဆီမှာ မရှိသေးတဲ့အရောင်ဖြစ်တဲ့အတွက် ဂုဏ်ယူဝင့်ကြွားနေပြီး သတင်းစာရှင်းလင်းပွဲပါ ပြုလုပ်ပြီး မိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။

LG ဟာ အခု Raspberry Rose အရောင်နဲ့ LG V30 ဖုန်းကို CES 2018 ပွဲမှာ ပြသသွားမှာဖြစ်ပြီး အရင်ဆုံးတော့ ကိုရီးယားနိုင်ငံမှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ ဈေးနှုန်းအနေနဲ့လည်း ပြောင်းလဲထားခြင်းမရှိပဲ ယခင် LG V30 ရဲ့ ဈေးနှုန်းဖြစ်တဲ့ ဒေါ်လာ ၇၄၉ ဝန်းကျင်နဲ့ပဲ ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။