လက်ရှိမှာ 5G ဝန်ဆောင်မှုရတဲ့ နိုင်ငံ အနည်းငယ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် ကမ္ဘာ့ ထိပ်တန်း နည်းပညာ ကုမ္ပဏီတွေက နောက်မျိုးဆက် 6G နည်းပညာကို ဖန်တီးနေကြပါပြီ။ ကိုရီးယား နည်းပညာ ကုမ္ပဏီကြီး LG က ဒီလ ၂၂ ရက်နေ့ကနေ ၂၄ ရက်အတွင်း ကျင်းပမယ့် 2021 Korea Science and Technology Exhibition မှာ ကုမ္ပဏီရဲ့ 6G နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို သရုပ်ပြသမှာ ဖြစ်ပါတယ်။

LG

LG က နည်းပညာ ပြပွဲမှာ 6G ကြိုးမဲ့ ထုတ်လွှင့်မှုနဲ့ ဖမ်းယူမှုတွေကို ပြသမှ ဖြစ်သလို ဂျာမနီက  Fraunhofer Research Institute နဲ့ ပူးပေါင်းဖန်တီးထားတဲ့ 6G အတွက် Power Amplifier ကိုလည်း ပထမဆုံး အကြိမ် သရုပ်ပြသမှာပါ။ LG ဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လက ဘာလင်မှာ 6G Power Amplifier ကို စမ်းသပ်ပြီးပြီ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ 6G Frequency Band ကို အသုံးပြုကာ အဆောက်အဦးပြင်ပမှာ ၁၀၀ မီတာ အကွာအဝေးအတွင်း ကြိုးမဲ့ ဒေတာတွေကို အောင်မြင်စွာ ပေးပို့နိုင်၊ ဖမ်းယူနိုင်ခဲ့ပါတယ်။

What will 6G communications look like in 10 years? - Tech Wire Asia

6G Terahertz Frequency Band ဟာ လက်ရှိ ကွန်ရက်တွေမှာ မရနိုင်တဲ့ အမြန်နှုန်းနဲ့ ဒေတာတွေ ပို့ဆောင်ပေးနိုင်ပါတယ်။ 6G ကွန်ရက် အမြန်နှုန်းဟာ တစ်စက္ကန့်ကို 1 Terabit အထိ ရှိနိုင်ပါတယ်။ LG က Keysight Technologies နဲ့ပူးပေါင်းကာ ဒေတာ အရည်အသွေး ပိုကောင်းစေတဲ့ Adaptive Beamforming နည်းပညာကိုလည်း ပြသမှာ ဖြစ်ပါတယ်။

6G နည်းပညာကို စီးပွားဖြစ် ဝန်ဆောင်မှုပေးနိုင်ဖို့ ကုမ္ပဏီများစွာဟာ အပြိုင်အဆိုင် ကြိုးစားနေကြပြီး LG ဟာ ၂၀၂၉ ခုနှစ်မှာ 6G နည်းပညာကို စီးပွားဖြစ် ဝန်ဆောင်မှုပေးဖို့ ရည်ရွယ်ထားပါတယ်။

Ref : gizmochina