Zawgyi

ေတာင္ကိုရီးယားအေျခစုိက္ နည္းပညာကုမၸဏီ LG ဟာ လာမယ့္ IFA 2019 ပြဲေတာ္မွာ ကိုယ္ပိုင္ Foldable စက္တစ္ခုကို အားက်မခံျပသသြားဖို႔ ရွိေနပါတယ္။ ယေန႔မွာေတာ့ ကုမၸဏီဟာ ေတာင္ကိုရီးယားရဲ႕ အႀကီးဆုံး Search Engine ပိုင္ရွင္ကုမၸဏီ Naver နဲ႔ပူးေပါင္းၿပီး ထူးျခားတဲ့ Web Browser တစ္ခုအား ထုတ္လုပ္လိုက္ပါတယ္။

Naver နဲ႔ LG တုိ႔ရဲ႕ပူးေပါင္းမႈကေန ထြက္ေပၚလာတဲ့ Browser အသစ္ဟာ LG Dual Screen သုံးစြဲႏုိင္စြမ္းကို အဆင့္တစ္ခုတုိးျမွင့္ေပးမွာျဖစ္ကာ အဆုိပါ Feature ကိုေတာ့ “Omnitasking” လို႔ အမည္ေပးထားပါတယ္။ Browser ရဲ႕အမည္ကိုေတာ့ Whale လို႔ေခၚေဝၚေစမွာပါ။

ၿပီးခဲ့တဲ့ MWC 2019 ပြဲမွာတုန္းက LG ရဲ႕ Dual Screen ကို မိတ္ဆက္ခဲ့ၿပီး LG V50 ThinQ ဟန္းဆက္မွာ ျဖဳတ္လုိ႔တပ္လို႔ရတဲ့ Foldable Module ကို Screen Extension လိုအသုံးျပဳလုိ႔ရေအာင္ ျပသထားခဲ့ပါတယ္။ ဒီအေတြ႕အၾကဳံကေန သင္ယူထားတဲ့ LG အတြက္ “Whale” ဟာ Browsing အတြက္ အသုံးျပဳထားတဲ့ Screen ႏွစ္ခုၾကားမွာ သြက္လက္စြာ အျပန္အလွန္ကူးလူးသုံးစြဲႏုိင္ေစမယ္လို႔ ဆုိထားပါတယ္။ ဒါ့အျပင္ Screen တစ္ခုထဲမွာလည္း တစ္ခုထက္ပိုတဲ့ Task ေတြကို ပိုမုိထိေရာက္စြာ အသုံးျပဳႏုိင္မွာပါ။

ဒါေပမယ့္ တစ္ခုထက္ပိုတဲ့ Display ေတြကို အသုံးျပဳဖို႔ ေျပာေနတာေၾကာင့္ LG ဟာ Foldable Screen တစ္ခုနဲ႔ ဟန္းဆက္အသစ္ကို မိတ္ဆက္လာမွာလား ဒါမွမဟုတ္ ZTE Axon M လိုမ်ဳိး မတူညီတဲ့ Screen ႏွစ္ခုအား ပတၱာတစ္ခုနဲ႔ ခ်ိတ္ဆက္လာမွာလား ဆုိတာကိုေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

Ref – GSM Arena

Unicode

တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီ LG ဟာ လာမယ့် IFA 2019 ပွဲတော်မှာ ကိုယ်ပိုင် Foldable စက်တစ်ခုကို အားကျမခံပြသသွားဖို့ ရှိနေပါတယ်။ ယနေ့မှာတော့ ကုမ္ပဏီဟာ တောင်ကိုရီးယားရဲ့ အကြီးဆုံး Search Engine ပိုင်ရှင်ကုမ္ပဏီ Naver နဲ့ပူးပေါင်းပြီး ထူးခြားတဲ့ Web Browser တစ်ခုအား ထုတ်လုပ်လိုက်ပါတယ်။

Naver နဲ့ LG တို့ရဲ့ပူးပေါင်းမှုကနေ ထွက်ပေါ်လာတဲ့ Browser အသစ်ဟာ LG Dual Screen သုံးစွဲနိုင်စွမ်းကို အဆင့်တစ်ခုတိုးမြှင့်ပေးမှာဖြစ်ကာ အဆိုပါ Feature ကိုတော့ “Omnitasking” လို့ အမည်ပေးထားပါတယ်။ Browser ရဲ့အမည်ကိုတော့ Whale လို့ခေါ်ဝေါ်စေမှာပါ။

ပြီးခဲ့တဲ့ MWC 2019 ပွဲမှာတုန်းက LG ရဲ့ Dual Screen ကို မိတ်ဆက်ခဲ့ပြီး LG V50 ThinQ ဟန်းဆက်မှာ ဖြုတ်လို့တပ်လို့ရတဲ့ Foldable Module ကို Screen Extension လိုအသုံးပြုလို့ရအောင် ပြသထားခဲ့ပါတယ်။ ဒီအတွေ့အကြုံကနေ သင်ယူထားတဲ့ LG အတွက် “Whale” ဟာ Browsing အတွက် အသုံးပြုထားတဲ့ Screen နှစ်ခုကြားမှာ သွက်လက်စွာ အပြန်အလှန်ကူးလူးသုံးစွဲနိုင်စေမယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် Screen တစ်ခုထဲမှာလည်း တစ်ခုထက်ပိုတဲ့ Task တွေကို ပိုမိုထိရောက်စွာ အသုံးပြုနိုင်မှာပါ။

ဒါပေမယ့် တစ်ခုထက်ပိုတဲ့ Display တွေကို အသုံးပြုဖို့ ပြောနေတာကြောင့် LG ဟာ Foldable Screen တစ်ခုနဲ့ ဟန်းဆက်အသစ်ကို မိတ်ဆက်လာမှာလား ဒါမှမဟုတ် ZTE Axon M လိုမျိုး မတူညီတဲ့ Screen နှစ်ခုအား ပတ္တာတစ်ခုနဲ့ ချိတ်ဆက်လာမှာလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

Ref – GSM Arena