[Zawgyi]

(၇)ႏွစ္တာကာလပတ္လုံး ေဈးကြက္အတြင္းသတိေပးခ်က္မ်ားကို လ်စ္လ်ဴရႈခဲ့တဲ့ LG Group ဟာ ဒီႏွစ္ပိုင္းမွာ ၿပိဳင္ဘက္ Samsung က MicroLED / QD-OLED panel ေတြနဲ႔ ေဈးကြက္အတြင္း ဝင္ေရာက္လာတဲ့အတြက္ LG ဦးေဆာင္သူမ်ားအေနနဲ႔ LG Display ရဲ႕ OLED တီဗီလုပ္ငန္းကို ျပန္သုံးသပ္ေနၿပီး ေဈးကြက္ကိုလည္း ေစာင့္ၾကည့္လ်က္ ရွိပါတယ္။

မႏွစ္က တီဗီအလုံးေရ (၂.၉) သန္းခန႔္ ျဖန႔္ခ်ိေရာင္းခ်ခဲ့ၿပီးေနာက္ ဒီႏွစ္၂၀၁၉ခုႏွစ္မွာ (၄) သန္းခန႔္ ေရာင္းခ်သြားႏိုင္ဖို႔ ေမွ်ာ္မွန္းထားတဲ့ LG ဟာ လက္ရွိမွာ ကမာၻ႔အႀကီးဆုံး Liquid Crystal Display (LCD) ထုတ္လုပ္သူအျဖစ္ ရပ္တည္ေနေပမယ့္ LCD ေဈးႏႈန္းမ်ားကမူ ဆက္တိုက္က်ဆင္းေနတာေၾကာင့္ LG အေနနဲ႔ စိုးရိမ္ထိတ္လန႔္မႈေတြကို ရင္ဆိုင္ေနရဖြယ္ရွိပါတယ္။ ဒါ့အျပင္ အျမတ္အစြန္းပိုင္းမွာလည္း ေမွ်ာ္မွန္းထားသေလာက္ မေအာင္ျမင္ခဲ့ဘူးလို႔ သိရပါတယ္။ LG ရဲ႕ ႏွစ္စဥ္လုပ္ငန္းလည္ပတ္မႈ အျမတ္အစြန္းဟာ ၂၀၁၈ခုႏွစ္မွာ အရင္ႏွစ္ကထက္ (၉၆.၂) ရာခိုင္ႏႈန္း က်ဆင္းခဲ့တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ OLED တီဗီေတြကလည္း ေမွ်ာ္လင့္္ထားတာထက္ ေရာင္းအားေႏွးခဲ့ျပန္ပါတယ္။

တစ္ခ်ိန္တည္းမွာပဲ LCD ေဈးႏႈန္းေတြက်ဆင္းျခင္းက LG ရဲ႕ အႀကီးမားဆုံးၿပိဳင္ဘက္ျဖစ္သူ Samsung Electronics ကို အခြင့္သာေစခဲ့ပါတယ္။ Samsung က QLED လို႔ အမည္ေပးထားတဲ့ quantum dot (QD) အလႊာပါဝင္တဲ့ တီဗီေတြဟာ ေဈးကြက္အတြင္းမွာ ထင္ထားတာထက္ ပိုမိုေကာင္းမြန္စြာ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ ဒီႏွစ္အေစာပိုင္းတုန္းကလည္း Samsung Display ဟာ quantum-dot organic light emitting diode (QD-OLED) ကို စတင္တိုးျမႇင့္ေဆာင္႐ြက္ေနေၾကာင္း အတည္ျပဳခဲ့ပါေသးတယ္။

LG အေနနဲ႔ စိုးရိမ္ရဖြယ္ရွိတဲ့ အခ်က္က ၿပိဳင္ဘက္ Samsung ကေန ေနာက္ဆုံးေပၚ QLED ကုန္ပစၥည္းနဲ႔ LCD ေဈးကြက္ကို သိမ္းပိုက္သြားမယ့္ အခ်က္ ျဖစ္ပါတယ္။ ေရရွည္မွာ Samsung က LG ကိုယ္တိုင္တီထြင္ထားတဲ့ OLED ေတြကို ေဈးႏႈန္းက်ဆင္းခ်ိန္မွာ ဝယ္ယူၿပီး သူတို႔ရဲ႕ QD-OLED ေတြမွာ အဆင့္ျမႇင့္တင္ အသုံးျပဳကာ စီးပြားေရးနယ္ပယ္မွာ ေအာင္ျမင္စြာ မိတ္ဆက္ေရာင္းခ်ႏိုင္ခဲ့မယ္ဆိုရင္ LG အေနနဲ႔ အရွက္ရႏိုင္မယ့္ အခ်က္ျဖစ္ပါတယ္။

LG Display နဲ႔ LG Electronics တို႔ဟာ ၂၀၁၂ခုႏွစ္ကစၿပီး ေဈးကြက္ေဝစုကို အမ်ားဆုံး သိမ္းပိုက္ထားႏိုင္ခဲ့ေပမယ့္ ၂၀၀၇ခုႏွစ္မွာ Sony ကို ေက်ာ္ျဖတ္ကာ တီဗီအေရာင္းေဈးကြက္မွာ ထိပ္တန္းျဖစ္ခဲ့တဲ့ ၿပိဳင္ဘက္ Samsung Electronics အေပၚ အၿမဲႏွာတစ္ဖ်ားသာဖို႔ လိုအပ္ခဲ့ပါတယ္။ Samsung က ၂၀၁၄ ခုႏွစ္မွာ flagship တီဗီေတြအစား OLED ကို အသုံးျပဳၿပီး QD-LCD တီဗီမ်ားကို ထုတ္လုပ္လာတဲ့အခါ LG ဟာ ၿပိဳင္ဘက္ျဖစ္သူ Samsung က မစြမ္းေဆာင္ႏိုင္တဲ့ နည္းပညာထိုးေဖာက္မႈေတြကို ျပဳလုပ္ႏိုင္ဖို႔ ရည္မွန္းထားဖြယ္ရွိခဲ့တယ္လို႔ ဆိုပါတယ္။

OLED က LG အတြက္ အနာဂတ္ဆိုေပမယ့္ စမတ္ဖုန္းေစ်းကြက္မွာေတာ့ LG ဟာ အေတာ္ေနာက္က်က်န္ခဲ့တယ္လို႔ ေျပာရမွာပါ။ ၂၀၁၆ခုႏွစ္မွာ Apple က သူတို႔ရဲ႕ စမတ္ဖုန္းေတြအတြက္ OLED သန္း (၁၀၀) ကို Samsung ဆီက ဝယ္ယူလိုက္မႈဟာ Samsung က LG ထက္ ေျခတစ္လွမ္းဦးတဲ့ အႏိုင္ရရွိမႈျဖစ္ခဲ့ပါတယ္။ အေၾကာင္းအရင္းကေတာ့ မူလထုတ္လုပ္သူ LG ရဲ႕ တီဗီေတြက အဆင္ေျပတဲ့အေျခအေန မေရာက္ေသးခ်ိန္မွာ Samsung က မူလထုတ္လုပ္သူထက္ အရင္ေစာၿပီး စမတ္ဖုန္းေဈးကြက္ထဲကို ဝင္ေရာက္ခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ ဒီေန႔ေခတ္မွာ Samsung၊ Apple နဲ႔ Huawei စမတ္ဖုန္းအားလုံးဟာ flagship ထုတ္ကုန္ေတြအတြက္ OLED ကို အသုံးျပဳေနၾကၿပီျဖစ္ပါတယ္။ ဒါ့ေၾကာင့္ တီဗီေဈးကြက္မွာ Samsung ရႈံးနိမ့္ခဲ့ေပမယ့္ တစ္ဖက္မွာ အႏိုင္ရလိုက္တယ္လို႔ ဆိုႏိုင္ပါတယ္။

နည္းပညာအပိုင္းမွာလည္း Samsung က LCD ရဲ႕ အားသာခ်က္ျဖစ္တဲ့ အလင္းေရာင္ကို အသုံးခ်ႏိုင္ ခဲ့ပါတယ္။ OLED ကို LCD ထက္သာလြန္ေစေသာ အားသာခ်က္က aperture ratio (သို႔မဟုတ္) display ဧရိယာက အလင္းထြက္ႏႈန္း ျဖစ္ပါတယ္။ OLED ေတြက အလင္းကို ကိုယ္တိုင္ထုတ္လႊင့္ႏိုင္တဲ့အတြက္ LCD ေတြနဲ႔ယွဥ္မယ္ဆိုရင္ အလင္းေတာက္ပမႈက ပိုၿပီးေကာင္းမြန္ပါတယ္။ ဒါေပမယ့္ aperture ratio ကို ပိုမိုျမႇင့္တင္ၿပီး အလင္းကိုပိုတင္မယ္ဆိုရင္ လွ်ပ္စစ္ဓာတ္ ပိုလိုအပ္မွာျဖစ္ပါတယ္။ဒါ့ေၾကာင့္ စြမ္းအင္ပိုမိုအသုံးျပဳျခင္းက diode ရဲ႕ သက္တမ္းကို ပိုတိုေစကာ “ ေလာင္ကြၽမ္းမႈ” ကိုျဖစ္ေစႏိုင္ပါတယ္။ တီဗီရဲ႕ ပုံရိပ္အရည္အေသြးကို အထူးသျဖင့္ Full HD ကေန UHD၊ 8K ကို တိုးျမႇင့္ခ်င္တဲ့အခါ စြမ္းအင္ပိုၿပီး လိုအပ္မွာ ျဖစ္ပါတယ္။

ဒီအေျခအေနမွာ Samsung က သူတို႔ရဲ႕ QLED တီဗီကို အလင္းပိုေတာက္ပတဲ့ အျမင့္ဆုံး အရည္အေသြးကို တိုးျမႇင့္ႏိုင္ခဲ့တဲ့အျပင္ LCD တီဗီေတြမွာ လိုအပ္တဲ့ စြမ္းအင္အလုံးအရင္း အသုံးျပဳမႈ ျပႆနာကိုလည္း ေကာင္းမြန္စြာ ကိုင္တြယ္ႏိုင္ခဲ့ပါတယ္။ ဒါ့ေၾကာင့္ Samsung ဟာ LG ထက္ေစာၿပီး 8K resolution တီဗီကို မိတ္ဆက္ႏိုင္ခဲ့ျခင္း ျဖစ္တယ္လို႔ ဆိုပါတယ္။

LG အတြက္ ေနာက္ထပ္ထိုးႏွက္ခ်က္တစ္ခုက အျပာေရာင္ pixel အတြက္ Samsung က quantum dot အလႊာမ်ားကို အသုံးျပဳကာ QD-OLED တီဗီမွာ အလင္းထုတ္လႊတ္တဲ့ ေနရာအတြက္သာ အသုံးခ်ကာ အနီနဲ႔ အစိမ္းတို႔ကို QD အလင္းစစ္အလႊာအျဖစ္အသုံးျပဳလိုက္ျခင္းက ေလာင္ကြၽမ္းႏိုင္ေျခကို အေျမာက္အျမား ေလွ်ာ့ခ်ႏိုင္ခဲ့ျခင္း ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ LG အေနနဲ႔ OLED တီဗီေတြရဲ႕ ေရာင္းအားကို တိုးျမင့္လာႏိုင္မယ္ဆိုရင္ေတာင္ သူတို႔စတင္ေအာင္ျမင္ခ်ိန္မွာ ၿပိဳင္ဘက္ Samsung က အေတာ္ ခရီးေပါက္ေနေလာက္ၿပီျဖစ္ေၾကာင္း ေျပာၾကားထားပါတယ္။

LG ဟာေဈးကြက္အတြင္း OLED တီဗီေတြကို စတင္မိတ္ဆက္ေရာင္းခ်ခဲ့တာက ႏွစ္အတန္ၾကာခဲ့ၿပီျဖစ္ေပမယ့္ အျပာေရာင္ pixel ျပႆနာေတြက ျဖစ္ေပၚေနဆဲျဖစ္ၿပီး ၂၀၁၇/၂၀၁၈ ခုႏွစ္မွာ ထုတ္လုပ္တဲ့ ေမာ္ဒယ္ေတြမွာလည္း ေလာင္ကြၽမ္းမႈ (Display Burn-in) မ်ား ျဖစ္ေပၚေနေသးတာကို ေတြ႕ရတယ္လို႔ ဆိုပါတယ္။

LG Display အေနနဲ႔ ေရတိုေျဖရွင္းနည္းမ်ားေၾကာင့္ သူတို႔ကိုယ္တိုင္ အက်ပ္အတည္း ေတြ႕ေနရတယ္လို႔ သိရပါတယ္။ LG ဟာ LCD ေဈးႏႈန္းမ်ားက်ဆင္းျခင္းနဲ႔ ေလာင္ကြၽမ္းျခင္းျဖစ္စဥ္ေတြကို မ်က္ကြယ္ျပဳကာ တီဗီေတြမွာ OLED ထည့္သြင္းအသုံးျပဳျခင္းက ေနာင္ႏွစ္အနည္းငယ္မွာ အက်ပ္အတည္းမ်ား ထပ္မံဆိုက္ေရာက္လာဖို႔ အားေပးရာေရာက္မွာျဖစ္ေၾကာင္း သုံးသပ္ထားပါတယ္။

Ref: ZDNet

[Unicode]

OLED burn-in ဖြစ်ပေါ်မှုကြောင့် ဈေးကွက်အတွင်း အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ LG Display

(၇)နှစ်တာကာလပတ်လုံး ဈေးကွက်အတွင်းသတိပေးချက်များကို လျစ်လျူရှုခဲ့တဲ့ LG Group ဟာ ဒီနှစ်ပိုင်းမှာ ပြိုင်ဘက် Samsung က MicroLED / QD-OLED panel တွေနဲ့ ဈေးကွက်အတွင်း ဝင်ရောက်လာတဲ့အတွက် LG ဦးဆောင်သူများအနေနဲ့ LG Display ရဲ့ OLED တီဗီလုပ်ငန်းကို ပြန်သုံးသပ်နေပြီး ဈေးကွက်ကိုလည်း စောင့်ကြည့်လျက် ရှိပါတယ်။

မနှစ်က တီဗီအလုံးရေ (၂.၉) သန်းခန့် ဖြန့်ချိရောင်းချခဲ့ပြီးနောက် ဒီနှစ်၂၀၁၉ခုနှစ်မှာ (၄) သန်းခန့် ရောင်းချသွားနိုင်ဖို့ မျှော်မှန်းထားတဲ့ LG ဟာ လက်ရှိမှာ ကမ္ဘာ့အကြီးဆုံး Liquid Crystal Display (LCD) ထုတ်လုပ်သူအဖြစ် ရပ်တည်နေပေမယ့် LCD ဈေးနှုန်းများကမူ ဆက်တိုက်ကျဆင်းနေတာကြောင့် LG အနေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေကို ရင်ဆိုင်နေရဖွယ်ရှိပါတယ်။ ဒါ့အပြင် အမြတ်အစွန်းပိုင်းမှာလည်း မျှော်မှန်းထားသလောက် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။ LG ရဲ့ နှစ်စဉ်လုပ်ငန်းလည်ပတ်မှု အမြတ်အစွန်းဟာ ၂၀၁၈ခုနှစ်မှာ အရင်နှစ်ကထက် (၉၆.၂) ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် OLED တီဗီတွေကလည်း မျှော်လင့််ထားတာထက် ရောင်းအားနှေးခဲ့ပြန်ပါတယ်။

တစ်ချိန်တည်းမှာပဲ LCD ဈေးနှုန်းတွေကျဆင်းခြင်းက LG ရဲ့ အကြီးမားဆုံးပြိုင်ဘက်ဖြစ်သူ Samsung Electronics ကို အခွင့်သာစေခဲ့ပါတယ်။ Samsung က QLED လို့ အမည်ပေးထားတဲ့ quantum dot (QD) အလွှာပါဝင်တဲ့ တီဗီတွေဟာ ဈေးကွက်အတွင်းမှာ ထင်ထားတာထက် ပိုမိုကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီနှစ်အစောပိုင်းတုန်းကလည်း Samsung Display ဟာ quantum-dot organic light emitting diode (QD-OLED) ကို စတင်တိုးမြှင့်ဆောင်ရွက်နေကြောင်း အတည်ပြုခဲ့ပါသေးတယ်။

LG အနေနဲ့ စိုးရိမ်ရဖွယ်ရှိတဲ့ အချက်က ပြိုင်ဘက် Samsung ကနေ နောက်ဆုံးပေါ် QLED ကုန်ပစ္စည်းနဲ့ LCD ဈေးကွက်ကို သိမ်းပိုက်သွားမယ့် အချက် ဖြစ်ပါတယ်။ ရေရှည်မှာ Samsung က LG ကိုယ်တိုင်တီထွင်ထားတဲ့ OLED တွေကို ဈေးနှုန်းကျဆင်းချိန်မှာ ဝယ်ယူပြီး သူတို့ရဲ့ QD-OLED တွေမှာ အဆင့်မြှင့်တင် အသုံးပြုကာ စီးပွားရေးနယ်ပယ်မှာ အောင်မြင်စွာ မိတ်ဆက်ရောင်းချနိုင်ခဲ့မယ်ဆိုရင် LG အနေနဲ့ အရှက်ရနိုင်မယ့် အချက်ဖြစ်ပါတယ်။

LG Display နဲ့ LG Electronics တို့ဟာ ၂၀၁၂ခုနှစ်ကစပြီး ဈေးကွက်ဝေစုကို အများဆုံး သိမ်းပိုက်ထားနိုင်ခဲ့ပေမယ့် ၂၀၀၇ခုနှစ်မှာ Sony ကို ကျော်ဖြတ်ကာ တီဗီအရောင်းဈေးကွက်မှာ ထိပ်တန်းဖြစ်ခဲ့တဲ့ ပြိုင်ဘက် Samsung Electronics အပေါ် အမြဲနှာတစ်ဖျားသာဖို့ လိုအပ်ခဲ့ပါတယ်။ Samsung က ၂၀၁၄ ခုနှစ်မှာ flagship တီဗီတွေအစား OLED ကို အသုံးပြုပြီး QD-LCD တီဗီများကို ထုတ်လုပ်လာတဲ့အခါ LG ဟာ ပြိုင်ဘက်ဖြစ်သူ Samsung က မစွမ်းဆောင်နိုင်တဲ့ နည်းပညာထိုးဖောက်မှုတွေကို ပြုလုပ်နိုင်ဖို့ ရည်မှန်းထားဖွယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။

OLED က LG အတွက် အနာဂတ်ဆိုပေမယ့် စမတ်ဖုန်းစျေးကွက်မှာတော့ LG ဟာ အတော်နောက်ကျကျန်ခဲ့တယ်လို့ ပြောရမှာပါ။ ၂၀၁၆ခုနှစ်မှာ Apple က သူတို့ရဲ့ စမတ်ဖုန်းတွေအတွက် OLED သန်း (၁၀၀) ကို Samsung ဆီက ဝယ်ယူလိုက်မှုဟာ Samsung က LG ထက် ခြေတစ်လှမ်းဦးတဲ့ အနိုင်ရရှိမှုဖြစ်ခဲ့ပါတယ်။ အကြောင်းအရင်းကတော့ မူလထုတ်လုပ်သူ LG ရဲ့ တီဗီတွေက အဆင်ပြေတဲ့အခြေအနေ မရောက်သေးချိန်မှာ Samsung က မူလထုတ်လုပ်သူထက် အရင်စောပြီး စမတ်ဖုန်းဈေးကွက်ထဲကို ဝင်ရောက်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ Samsung၊ Apple နဲ့ Huawei စမတ်ဖုန်းအားလုံးဟာ flagship ထုတ်ကုန်တွေအတွက် OLED ကို အသုံးပြုနေကြပြီဖြစ်ပါတယ်။ ဒါ့ကြောင့် တီဗီဈေးကွက်မှာ Samsung ရှုံးနိမ့်ခဲ့ပေမယ့် တစ်ဖက်မှာ အနိုင်ရလိုက်တယ်လို့ ဆိုနိုင်ပါတယ်။

နည်းပညာအပိုင်းမှာလည်း Samsung က LCD ရဲ့ အားသာချက်ဖြစ်တဲ့ အလင်းရောင်ကို အသုံးချနိုင် ခဲ့ပါတယ်။ OLED ကို LCD ထက်သာလွန်စေသော အားသာချက်က aperture ratio (သို့မဟုတ်) display ဧရိယာက အလင်းထွက်နှုန်း ဖြစ်ပါတယ်။ OLED တွေက အလင်းကို ကိုယ်တိုင်ထုတ်လွှင့်နိုင်တဲ့အတွက် LCD တွေနဲ့ယှဉ်မယ်ဆိုရင် အလင်းတောက်ပမှုက ပိုပြီးကောင်းမွန်ပါတယ်။ ဒါပေမယ့် aperture ratio ကို ပိုမိုမြှင့်တင်ပြီး အလင်းကိုပိုတင်မယ်ဆိုရင် လျှပ်စစ်ဓာတ် ပိုလိုအပ်မှာဖြစ်ပါတယ်။ဒါ့ကြောင့် စွမ်းအင်ပိုမိုအသုံးပြုခြင်းက diode ရဲ့ သက်တမ်းကို ပိုတိုစေကာ “ လောင်ကျွမ်းမှု” ကိုဖြစ်စေနိုင်ပါတယ်။ တီဗီရဲ့ ပုံရိပ်အရည်အသွေးကို အထူးသဖြင့် Full HD ကနေ UHD၊ 8K ကို တိုးမြှင့်ချင်တဲ့အခါ စွမ်းအင်ပိုပြီး လိုအပ်မှာ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ Samsung က သူတို့ရဲ့ QLED တီဗီကို အလင်းပိုတောက်ပတဲ့ အမြင့်ဆုံး အရည်အသွေးကို တိုးမြှင့်နိုင်ခဲ့တဲ့အပြင် LCD တီဗီတွေမှာ လိုအပ်တဲ့ စွမ်းအင်အလုံးအရင်း အသုံးပြုမှု ပြဿနာကိုလည်း ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် Samsung ဟာ LG ထက်စောပြီး 8K resolution တီဗီကို မိတ်ဆက်နိုင်ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

LG အတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုက အပြာရောင် pixel အတွက် Samsung က quantum dot အလွှာများကို အသုံးပြုကာ QD-OLED တီဗီမှာ အလင်းထုတ်လွှတ်တဲ့ နေရာအတွက်သာ အသုံးချကာ အနီနဲ့ အစိမ်းတို့ကို QD အလင်းစစ်အလွှာအဖြစ်အသုံးပြုလိုက်ခြင်းက လောင်ကျွမ်းနိုင်ခြေကို အမြောက်အမြား လျှော့ချနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် LG အနေနဲ့ OLED တီဗီတွေရဲ့ ရောင်းအားကို တိုးမြင့်လာနိုင်မယ်ဆိုရင်တောင် သူတို့စတင်အောင်မြင်ချိန်မှာ ပြိုင်ဘက် Samsung က အတော် ခရီးပေါက်နေလောက်ပြီဖြစ်ကြောင်း ပြောကြားထားပါတယ်။

LG ဟာဈေးကွက်အတွင်း OLED တီဗီတွေကို စတင်မိတ်ဆက်ရောင်းချခဲ့တာက နှစ်အတန်ကြာခဲ့ပြီဖြစ်ပေမယ့် အပြာရောင် pixel ပြဿနာတွေက ဖြစ်ပေါ်နေဆဲဖြစ်ပြီး ၂၀၁၇/၂၀၁၈ ခုနှစ်မှာ ထုတ်လုပ်တဲ့ မော်ဒယ်တွေမှာလည်း လောင်ကျွမ်းမှု (Display Burn-in) များ ဖြစ်ပေါ်နေသေးတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

LG Display အနေနဲ့ ရေတိုဖြေရှင်းနည်းများကြောင့် သူတို့ကိုယ်တိုင် အကျပ်အတည်း တွေ့နေရတယ်လို့ သိရပါတယ်။ LG ဟာ LCD ဈေးနှုန်းများကျဆင်းခြင်းနဲ့ လောင်ကျွမ်းခြင်းဖြစ်စဉ်တွေကို မျက်ကွယ်ပြုကာ တီဗီတွေမှာ OLED ထည့်သွင်းအသုံးပြုခြင်းက နောင်နှစ်အနည်းငယ်မှာ အကျပ်အတည်းများ ထပ်မံဆိုက်ရောက်လာဖို့ အားပေးရာရောက်မှာဖြစ်ကြောင်း သုံးသပ်ထားပါတယ်။

Ref: ZDNet