စမတ်ဖုန်း ဈေးကွက်မှာ Foldable မျက်နှာပြင်တွေ ခေတ်စားလာပြီး ဆက်စပ်နေတဲ့ နည်းပညာက ဆန့်ထုတ်နိုင်တဲ့ မျက်နှာပြင် ဖြစ်ပါတယ်။ LG Display က ၁၂ လက်မ ကနေ ၁၄ လက်မကို ဆန့်ထုတ်နိုင်ပြီး ပျက်ဆီးမှု မရှိဘဲ ၁၂ လက်မကို ပြန်လည် ကျုံ့နိုင်တဲ့ မျက်နှာပြင်ကို ပြသလိုက်ပါတယ်။

LG Display shows off a 12'' display that can stretch to 14''

LG က Free-form မျက်နှာပြင်လို့ ခေါ်ပြီး ဒီလို ဆန့်ထုတ်နိုင်တဲ့ မျက်နှာပြင်တွေကို အဝတ်အထည်နဲ့ ပရိဘောဂတွေမှာ အသုံးပြုနိုင်ပါတယ်။ အဲဒီ မျက်နှာပြင်ဟာ ရှုပ်ထွေးတဲ့ ပုံသဏ္ဍာန်တွေကို ပြောင်းလဲနိုင်ပြီး ဆန့်ထုတ်နိုင်တဲ့ စွမ်းရည် ရှိတဲ့အတွက် ဝတ်ဆင်ရတာ သက်တောင့်သက်သာ ဖြစ်စေမှာပါ။

LG디스플레이

LG Display က အဲဒီ မျက်နှာပြင်ကို ဖက်ရှင်၊ ချပ်ဝတ်တန်ဆာ ကွန်ပြူတာ၊ ဂိမ်း အပါအဝင် အမျိုးမျိုးသော နယ်ပယ်တွေမှာ အသုံးပြုနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ မော်တော်ကားနဲ့ လေယာဉ် နယ်ပယ်တွေမှာတောင် အသုံးပြုလာနိုင်ပါတယ်။

LG ပြသလိုက်တဲ့ မျက်နှာပြင်ဟာ အရည်အသွေးမြင့်မားပြီး Pixel Deisity က 100ppi ရှိကာ ၄၀ လက်မ 4K TV နဲ့ တူညီပါတယ်။ Full-color RGB စွမ်းရည် ပါရှိပြီး Contact Lenses အတွက် သုံးတဲ့ အထူး ဆီလီကွန် Substrate နဲ့ တည်ဆောက်ထားတာပါ။ ဖြောင့်တန်းတဲ့ ဝါယာတွေအစား S ပုံသဏ္ဍာန်နဲ့ ချိတ်ဆက်ထားတဲ့ micro-LEDs ပါတဲ့အတွက် ပျက်ဆီးမှု မရှိဘဲ ၂၀ ရာခိုင်နှုန်းအထိ ဆန့်ထုတ်နိုင်ပါတယ်။

ဒီလို ဆန့်ထုတ်နိုင်တဲ့ မျက်နှာပြင် နမူနာတွေကို အရင်ကတွေ့ခဲ့ရဖူးပါတယ်။ အရင်နှစ်မှာ Royole က ၃၀ ရာခိုင်နှုန်း ဆန့်ထုတ်နိုင်တဲ့ မျက်နှာပြင်ကို ပြသခဲ့ပြီး 120ppi ပါပါတယ်။ ဒါပေမယ့် အရွယ်အစားက ၂.၇ လက်မပဲရှိကာ 96x60p Resolution ပဲရှိပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက Samsung ဟာ ဆန့်ထုတ်နိုင်တဲ့ မျက်နှာပြင်ကို ပြသခဲ့ဖူးပါတယ်။

Ref : gsmarena