LG ကလည်း မကြာခင်မှာ ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းတစ်ခုကို ထုတ်လုပ်တော့မှာပဲဖြစ်ပါတယ်။ အခုသိရတဲ့ သတင်းတွေအရ LG ဟာ သူ့ရဲ့ ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းဒီဇိုင်းအတွက် မူပိုင်ခွင့်ရယူလိုက်ပြီလို့ သိရပါတယ်။

အခုသတင်းအရ LG ရဲ့ ခေါက်နိုင်တဲ့ Display ဟာ တစ်ချိန်ထဲမှာ မြင်ကွင်း ၂ ခုကို ပြသနိုင်မှာဖြစ်တဲ့အပြင် Headphone Jack လည်း ၂ ခုပါဝင်မှာဖြစ်တဲ့အတွက် လူ ၂ ယောက်က ရုပ်ရှင် ၂ ကားကို ကိုယ်ပိုင် Headphone ကိုယ်စီနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

အခုလိုမျိုး LG ရဲ့ ခေါက်ချိုးနိုင်တဲ့စမတ်ဖုန်းဟာ Screen ၂ ခုအသုံးပြုနေတဲ့အချိန်မှာ လူ ၂ ယောက်ကောင်းကောင်းအသုံးပြုနိုင်အောင် ပြုလုပ်ထားပေးမယ့် Screen တစ်ခုထထဲအနေနဲ့ အသုံးပြုနေချိန်မှာလည်း Tablet တစ်ခုလို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် LG ရဲ့ ယခုခေါက်ချိုးနိုင်တဲ့ဖုန်းရဲ့ ပထမ Display မှာ Under Display Fingerprint Sensor ပါဝင်လာမှာဖြစ်ပြီးတော့ ဒါကလည်း LG ကိုယ်တိုင် Huawei Mate RS ဖုန်းအတွက် Under Display Fingerprint ကို ထုတ်ပြီးခဲ့ပြီး ဖြစ်တဲ့အတွက် သေချာတဲ့အချက်တစ်ခုပါ။

Samsung ကလည်း ခေါက်နိုင်တဲ့ Display ပါဝင်တဲ့ဖုန်းထုတ်သွားဦးမယ်ဆိုတော့ ဘယ်ဖုန်းက အရင်ဖြစ်မလဲကတော့ စိတ်ဝင်စားစရာပါ။