LG ရဲ့ အဆင့်မြင့်စမတ်ဖုန်းဖြစ်တဲ့ LG G Series ဖုန်းတွေဟာ ပုံမှန်အားဖြင့် Samsung Galaxy S Series စမတ်ဖုန်းအသစ်ထွက်တိုင်းထုတ်တတ်ပေမယ့် ဒီနှစ်မှာတော့ LG G7 ဖုန်းဟာယခင်ထက်အနည်းငယ်နောက်ကျမှ ထွက်ရှိလာမယ့်ပုံပါပဲ။

အခုအချိန်မှာတော့ LG G7 ဖြစ်လာမယ့် ဓါတ်ပုံတွေကို တွေ့မြင်လာရပြီဖြစ်ပြီးတော့ LG ရဲ့ ယခုနှစ်အတွက် Flagship စမတ်ဖုန်းက ဘယ်လိုဖြစ်လာမလဲဆိုတာကို လေ့လာနိုင်ပြီဖြစ်ပါတယ်။

အခု LG G7 ရဲ့ ဒီဇိုင်းပုံတွေအရ LG ဟာ V30 စမတ်ဖုန်းရဲ့ ဒီဇိုင်းကို အနည်းငယ်အခြေခံပြီးတော့ Dual Camera ဒီဇိုင်းကိုလည်း ပြောင်းလဲသွားဖို့ရှိပါတယ်။ အရှေ့ဘက်ဒီဇိုင်းအရတော့ Screen ဟာ စမတ်ဖုန်းအရှေ့မျက်နှာပြင်ကို အပြည့်နီးပါးနေရာယူထားတာကို တွေ့ရပြီးတော့ Screen ရဲ့ အပေါ်ဘက် အလယ်မှာတော့ Selfie Camera အတွက် Notch ကို တွေ့ရပါတယ်။

LG ဟာ G7 စမတ်ဖုန်းကို လာမယ့် ဂျွန်လလောက်မှ တရားဝင်ကြေငြာသွားမယ်လို့ ယူဆရပြီးတော့ အခုလောလောဆယ်မှာတော့ Flagship ဖုန်းတွေထဲမှာ Samsung Galaxy S9 တစ်မျိုးပဲရှိဦးမှာဖြစ်ပါတယ်။