LG ကနေ LG G7 စမတ်ဖုန်းကို ထုတ်လုပ်က အခုဆိုရင် အချိန်အနည်းငယ်ပဲလိုတော့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုအချိန်မှာ LG G7 နဲ့ ပတ်သတ်တဲ့သတင်းတွေအကုန်ထွက်ပေါ်လာပြီပဲဖြစ်ပါတယ်။

အခုသတင်းတွေအရ LG ဟာ လာမယ့် G7 စမတ်ဖုန်းမှာ M+ LCD နည်းပညာအသစ်ကို အသုံးပြုသွားမှာဖြစ်ပြီးတော့ အဆိုပါ နည်းပညာဟာ သာမန် LCD တွေထက် ပါဝါစားသုံးမှုကို ၃၅ ရာခိုင်နှုန်းလျော့ချပေးနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း LG G7 ဟာ အခုနောက်ပိုင်းခေတ်စားလာတဲ့ Notch Display ကို အသုံးပြုလာမှာဖြစ်ပြီးတော့ Screen Size အနေနဲ့ 6″ ရှိမှာဖြစ်ပါတယ်။

နောက်တစ်ချက်အနေနဲ့ ကင်မရာလည်း ပေါက်ကြားလာခဲ့ပြီးတော့ LG ဟာ f1.5 Aperture ရှိတဲ့ Dual 16MP Camera ၂ ခုကို တပ်ဆင်ထားမှာဖြစ်တယ်လို့ သိရပါတယ်။ Specifications တွေအရတော့ Snapdragon 845 Processor နဲ့အတူ RAM 4GB, 64GB Storage နဲ့ RAM 6GB, 128GB Storage ဆိုပြီး ထွက်ရှိလာမှာဖြစ်ပါတယ်။

LG ဟာ အခု G7 စမတ်ဖုန်းကို လာမယ့် ဧပြီလကုန်ပိုင်းလောက်မှာ ကြေငြာသွားမယ်လို့ ယူဆရပါတယ်။