LG ကနေ LG G7 ThinQ စမတ်ဖုန်းကို လာမယ့်အပါတ်မှာ ကြေငြာတော့မှာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ နာမည်ကြီး Leak ပြုလုပ်သူတစ်ယောက်ဖြစ်တဲ့ Even Blass ကနေ LG G7 ThinQ စမတ်ဖုန်းရဲ့ ဒီဇိုင်းကို ထုတ်ပြန်လိုက်ပါတယ်။

အခု LG G7 ThinQ ရဲ့ ဓါတ်ပုံအရတော့ Silver နဲ့ Gray အရောင်တွဲဖက်ထားတာကို တွေ့ရပြီးတော့ Dual Camera အပြင် Fingerprint Sensor ကို အနောက်မှာ တပ်ဆင်ထားတာကိုတွေ့ရပါတယ်။ ဖုန်းရဲ့ အရှေ့ဘက်ကိုတော့ ဘေးဘောင်ပျောက် Display အပြင် Display အပေါ်ဘက်မှာ Notch ကိုလည်း ထည့်သွင်းထားပါတယ်။

အဆင်ပြေတာကတော့ အခု LG G7 ThinQ စမတ်ဖုန်းမှာ 3.5mm Audio Jack ပါဝင်လာမှာဖြစ်ပြီးတော့ ဒါကလက်ရှိ Flagship စမတ်ဖုန်းတွေနဲ့ ယှဉ်ရင် အားသာချက်လို့ပြောလို့ရပါတယ်။

LG G7 ဟာ လာမယ့် မေလ ၂ ရက်နေ့မှာ တရားဝင်ကြေငြာသွားမှာဖြစ်ပြီးတော့ Qualcomm Snapdragon 845 Processor နဲ့ 6″ OLED Display ၊ 6GB RAM နဲ့အတူ 3000mAh Battery ပါဝင်မှာပဲဖြစ်ပါတယ်။

အခုအတိုင်းဆိုရင်တော့ LG G7 စမတ်ဖုန်းဟာ ထူးထူးခြားခြားပြောင်းလဲမှု မရှိပဲ အနည်းငယ်သာတိုးတက်လာတယ်လို့ ပြောလို့ရပါတယ်။