၂၀၁၈ ခုနှစ်အတွက် အစောဆုံးထွက်လာမယ့် Flagship စမတ်ဖုန်းတွေထဲမှာ Samsung Galaxy S9 ၊ Xiaomi Mi 7 လိုမျိုး စမတ်ဖုန်းတွေအပြင် LG G7 စမတ်ဖုန်းလည်းပါဝင်ပါတယ်။ ဒါပေမယ့် လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရ LG ကနေ G7 အခြား အခြားသီးခြားနာမည်တစ်ခုပြောင်းလဲခေါ်ဆိုဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

LG ရဲ့ ယခု G Series စမတ်ဖုန်းတွေက လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းက LG Optimus G ကနေ စတင်ခဲ့ပြီး အဲ့ဒီအချိန်နောက်ပိုင်းမှာ G2 ၊ G3 စသဖြင့် အခုအချိန်မှာဆိုရင် LG G6 အထိထုတ်လုပ်ထားခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမယ့် G Series နာမည်နဲ့ စမတ်ဖုန်း ၆ လုံးထုတ်လုပ်ပြီးချိန်မှာတော့ LG ကနေ နောက်ထပ်နာမည်တစ်ခုကိုပြောင်းလဲတော့မယ်လို့ တရားဝင်ထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။

LG ကတော့ ဘယ်လိုနာမည်မျိုးကို ပြောင်းမလဲဆိုတာကို အသေးစိတ်မပြောခဲ့ပေမယ့် လက်ရှိ LG V20 နဲ့ V30 စမတ်ဖုန်းတွေလိုမျိုး ဂဏန်း ၂ လုံးပါဝင်မယ်လို့ ပြောသွားခဲ့ပါတယ်။ LG G7 မဟုတ်ပဲ ဘာနာမည်များဖြစ်နိုင်မလဲ?