Samsung ကစခဲ့တဲ့ Virtual Assistant အတွက် ခလုတ်သီးသန့်ထားပေးတာမျိုးကို သင်နှစ်သက်ပါသလား။ နှစ်သက်ရင်တော့ LG G7 ကိုလည်း သင်နှစ်သက်နိုင်မှာပါ။

LG ရဲ့နောက်ထွက်မယ့် LG G7 မှာ LG ရဲ့ကိုယ်ပိုင် AI ဖြစ်တဲ့ ThinQ ပါဝင်လာမှာဖြစ်တဲ့အပြင် Google Assistant ကိုလည်း သုံးလို့ရဦးမှာပါ။ Google Assistant ကိုခေါ်ဖို့အတွက်တော့ Android Phone တော်တော်များများမှာ Home Key ကိုကြာကြာလေး နှိပ်ထားလိုက်ရင် ရပါတယ်။

Google Assistant ကိုခေါ်တဲ့အထဲမှာ ထူးထူးခြားခြားရှိတာကတော့ HTC ရဲ့ U11 ဖုန်းတွေပါပဲ။ ဖုန်းကိုလက်ထဲမှာကို်င်ထားရင်း ညှစ်လိုက်ရင် Google Assistant ကိုခေါ်လို့ရပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ Google Pixel 2 ဖုန်းတွေမှာလည်း ဘေးဘောင်ကိုညှစ်လို့ရတဲ့ Feature ပါလာပါတယ်။

LG ကတော့ Samsung ရဲ့နည်းကိုပဲယူလိုက်တယ်လို့ဆိုရမှာပါ။ Power ခလုတ်နဲ့ဆန့်ကျင်ဖက်ဖြစ်တဲ့ အခြမ်းမှာ ခလုတ်တစ်ခုထပ်ထည့်ပေးထားတာပဲဖြစ်ပါတယ်။ Power ခလုတ်နဲ့မှားနိုင်တဲ့အတွက် အချို့ကတော့ မကြိုက်ကြပါဘူး။ နောက်တစ်ချက်ကတော့ Google Assistant ကိုခေါ်တာကလွဲလို့ ဘာမှလုပ်လို့မရနိုင်တာကြောင့် Google Assistant မသုံးသူတွေအတွက်တော့ ခလုတ်အပိုကြီးပါနေသလိုဖြစ်နေပါတယ်။

G7 မှာစထည့်လာမှာဖြစ်ပြီး နောက်ထွက်မယ့် V Series Flagship တွေမှာလည်း ပါလာနိုင်ဖို့ကသေခြာနေပါတယ်။ Google Assistant ခလုတ်ကို ထည့်လိုက်တဲ့အကြောင်းအရင်းကတော့ Google Assistant ကိုပိုသုံးစေချင်လို့ပဲဖြစ်မှာပါ။ Okay Google လို့ပြောခေါ်တာနဲ့ Home ကိုဖိထားလိုက်တာမျိုးက ပိုလွယ်ပါသေးတယ်။