LG ဟာ စမတ်ဖုန်းလုပ်ငန်းကို စွန့်လွှတ်လိုက်ပြီးတဲ့နောက် Display ကနေ ဝင်ငွေတိုးပြီးရှာနိုင်ဖို့ ပိုပြီးအာရုံစိုက်နေပြီပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆ လကအထိ LG Velvet 2 Pro ကို ကုမ္ပဏီဝန်ထမ်းတွေဆီ ရောင်းချပေးထားခဲ့တာဖြစ်ပေမဲ့ ဒီအမှတ်တံဆိပ်နဲ့ နောက်ထပ် စမတ်ဖုန်းသစ်တွေကို မျှော်လင့်လို့မရတော့ပါဘူး။

၂၀၂၁ ခုနှစ် အစောပိုင်းအထိ LG Rollable အကြောင်း သတင်းတွေထွက်လာခဲ့ပေမဲ့ အခုလို နှစ်ကုန်ပိုင်းမှာတော့ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးက သူ့တို့ရဲ့ Developer website ကို ပိတ်ချတော့မယ်လို့ အသိပေး ကြေညာလာတာပဲ ဖြစ်ပါတယ်။ LG ဟာ သူ့ရဲ့ Flagships ဖုန်းအတော်များများအတွက် OS updates ကို သုံးနှစ်ကြာထောက်ပံ့ပေးမယ်လို့ ကတိပေးထားပါတယ်။

သုံးစွဲသူတွေအပေါ် သစ္စာစောင့်သိတဲ့အနေနဲ့ စမတ်ဖုန်းတွေရဲ့ Life cycle အတွက် ဆက်လက်ထောက်ပံ့နေတယ်ဆိုပေမဲ့ လာမဲ့လမှာတော့ Unlocking Bootloaders အတွက် Key တွေကို ထောက်ပံ့ပေးတော့မှာမဟုတ်ဘူးလို့ ကြေညာလိုက်ပါတယ်။ ကုမ္ပဏီအနေနဲ့ ဒါကို ရပ်ဆိုင်းမှာဖြစ်ပြီး ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် နောက်ပိုင်းမှာ “ဝက်ဘ်ဆိုက်မှာပံ့ပိုးပေးထားတဲ့ အချက်အလက်အားလုံးနဲ့ Bootloader unlock key ဟာ ရှိတော့မှာမဟုတ်ဘူး” လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် LG စမတ်ဖုန်းကို ပိုပြီးကြာကြာသုံးစွဲလိုသူတွေ၊ Root လုပ်လိုသူ၊ ဒါမှမဟုတ် စိတ်ကြိုက် Custom ROM သွင်းလိုသူတွေအနေနဲ့ Bootloader အတွက် Key ရယူဖို့ နောက်ဆုံးအခွင့်အရေးဖြစ်တယ်လို့ ဆိုရပါမယ်။ LG ရဲ့ အမာခံပရိသတ်ဆိုရင်တော့ အခုအချိန်ဟာ လေးနက်တဲ့ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရတော့မဲ့ အချိန်ပဲဖြစ်ပါတယ်။

Ref: GSM Arena