LG ရဲ့ G7 မိတ်ဆက်ပြီးနောက်ပိုင်း LG ကသူတို့ ရဲ့ Mid-range ဖုန်းဖြစ်တဲ့ K30 အသစ်ကို ထပ်ထုပ်လိုက်ပါတယ်။ LG K series တွေကို တော့မြန်မာနိုင်ငံက လူတော်တော်များများလည်း ရင်းနှီးပြီးသားဖြစ်မှာပါ။

LG ရဲ့ K Series တွေက ဈေးသက်သာတဲ့ အတွက် သာမန်ဖုန်းအသုံးပြုသူတွေ သဘောကျကြပါတယ်။ K30 ဆိုတာကတော့ အရင်က LG ရဲ့ ရှိပြီးသား K10 နေရာကို အစားထိုးလာတဲ့ တန်ဖိုးသင့် စမတ်ဖုန်းတစ်လုံးပါ။ တန်ဖိုးသင့် စမတ်ဖုန်းတွေအားလုံးအတိုင်းပဲ Speac တွေကတော့ သင့်တင့်ရုံပဲ ကောင်းမှာပါ။

Display ကတော့ 5.3 Inch ရှိပြီး 720p Resolution ရှိပါတယ်။ Storage အနေနဲ့တော့ 32 GB ပါဝင်မှာဖြစ်ပြီး RAM အနေနဲ့တော့ 2GB ပါဝင်မှာပါ။ Camera တွေအနေနဲ့တော့ Main Camera က 13 Megapixes ရှိမှာဖြစ်ပြီး Front Camera ကတော့ 5 Megapixel ရှိမှာဖြစ်ပါတယ်။ Battery ကတော့ 2880 mAh ပဲပါပေမယ့် 720p Display သုံးထားတော့ တစ်နေကုန်လောက်တော့ အသုံးခံမှာပါ။

Android Version 7.1 Nougat ကိုအသုံးပြုထားမှာဖြစ်ပြီး LG ရဲ့ Skin နဲ့လာမှာပါ။ Processor အနေနဲ့တော့ Qualcomm Snapdragon 425 ကိုသုံးထားပါတယ်။ microSD Card လည်းထပ်စိုက်လို့ရတာကြောင့် 32 GB ကနည်းတယ်ဆိုလည်း အဆင်ပြေပါတယ်။ 3.5 mm Headphone Jack အတွက်လည်း အပေါက်ပါပါသေးတယ်။ လက်ရှိမှာတော့ LG K30 တွေကို US မှာပဲရောင်းချဦးမှာဖြစ်ပြီး ဈေးကတော့ မြန်မာငွေ နှစ်သိန်းခွဲဝန်းကျင်လောက်ကျမှာပါ။ မြန်မာနိုင်ငံကိုလည်း ရောက်လာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။