Samsung ကတော့ လာမယ့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ Galaxy S9 ဖုန်းကိုထုတ်ပြတော့မှာပေမယ့် ပြိုင်ဘက် LG ကတော့ S9 ကို ယှဉ်ပြိုင်မယ့် စမတ်ဖုန်းထုတ်လုပ်တဲ့နေရာမှာ အချိန်ယူတော့မယ့်ပုံပါပဲ။

ဘာဖြစ်လို့လည်းဆိုရင် LG ဟာ အခုကျင်းပတော့မယ့် MWC 2018 ပွဲမှာ LG V30 စမတ်ဖုန်းကိုပဲ AI ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်လာမှာဖြစ်ပြီးတော့ တကယ့် ၂၀၁၈ အတွက် Flagship ဖုန်းကိုတော့ လာမယ့် ဂျွန်လမှ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

LG ဟာ အစတုန်းက G7 စမတ်ဖုန်းကို S9 ထက်အရင် ကြေငြာသွားဖို့ ပြုလုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့ပြီး G7 ကို ထုတ်လုပ်နေမှုကို လုံးဝဖျက်သိမ်းပြီး အစကနေ ပြန်လည် စဉ်းစားပြီး ထုတ်လုပ်ဖို့ဆုံးဖြတ်ခဲ့တဲ့အတွက် အခုလိုမျိုး အချိန်ကြန့်ကြာသွားတာပဲဖြစ်ပါတယ်။

LG ရဲ့ အခုထွက်ရှိလာမယ့် စမတ်ဖုန်းအသစ်ဟာ အခုမှ အခြေခံ Specifications တွေထွက်ပေါ်လာတာဖြစ်ပြီး Qualcomm Snapdragon 845 CPU ၊ RAM 4GB ၊ ROM 64GB ပါဝင်မှာဖြစ်ပြီးတော့ 6.1″ 18:9 Ratio 800Nits Brightness Display ကို တပ်ဆင်ထားမှာပဲဖြစ်ပါတယ်။ ကျန်တဲ့ Dual Camera ၊ Water Resistant Features တွေအပြင် Stereo Speakers ပါ ပါဝင်လာမယ်လို့လည်း သိရပါတယ်။