Apple အနနဲ့ OLED အသုံးပြုမှုကို Apple Watch မှာစတင်ခဲ့ပါတယ်။ iPhone 7 လောက်ကတည်းက OLED သုံးမယ်လို့ သတင်းတွေ၊ ကောလဟာလတွေဆက်တိုက် မရိုးရအောင်ထွက်နေခဲ့ပေမယ့်လည်း iPhone X အထိစောင့်ခဲ့ရပါတယ်။

iPhone X မှာ OLED စတင်သုံးလာပေမယ့် OLED တွေကို LCD Display တွေလို Sharp တို့ LG တို့ဆီကနေ ယူခဲ့တာမဟုတ်ပါဘူး။ OLED လောကထဲမှာ ဆရာတစ်ဆူဖြစ်နေပြီး Apple ရဲ့ အဓိကပြိုင်ဖက်လည်းဖြစ်တဲ့ Samsung ဆီကမှာယူခဲ့တာပဲဖြစ်ပါတယ်။

Samsung ဆီကမှာယူခဲ့ပေမယ့် Apple ကိုယ်တိုင် Design ဆွဲထားတဲ့အတိုင်း ထုတ်လုပ်ထားတာဖြစ်လို့ Pixel Arrangement ကအစ Samsung ဖုန်းတွေမှာသုံးထားတဲ့ OLED တွေနဲ့ မတူပါဘူး။ Pen-Tile ဆိုတဲ့ OLED Arrangement ကိုသုံးထားပေမယ့် Apple ကပြင်ပြင်ထားတာကြောင့် အခြား OLED တွေနဲ့မတူပဲ ကွဲပြားနေတာပါ။

LG ရဲ့ OLED Display တွေကတော့ ဈေးကွက်ထဲမှာ Samsung လောက်အောင်မြင်မှုမရပါဘူး။ အဲ့ဒီထဲကမှာ Google Pixel 2 XL တွေမှာဖြစ်သွားတဲ့ Display ပြဿနာတွေက LG Display ကိုအထိနာစေခဲ့ပါတယ်။ LG အနေနဲ့အခုထက်ပို အရည်အသွေးကောင်းတဲ့ Display တွေကိုထုတ်လုပ်နိုင်ဖို့လိုအပ်နေသေးတယ်လို့ ဈေးကွက်စောင့်ကြည့်သူတွေကဆိုပါတယ်။

DisplayMate တို့ရဲ့စမ်းသပ်ချက်တွေမှာလည်း Samsung ရဲ့ OLED Display တွေကသာ အမြဲထိပ်ဆုံးကနေရာရနေပါသေးတယ်။ LG အနေနဲ့တော့ အခုလို Quality ပိုင်းမှာနောက်ကျနေသေးတာကြောင့် Apple အနေနဲ့ ဝယ်ယူသုံးစွဲလာဖို့က မဖြစ်နိုင်သေးပါဘူး။