လက်ရှိ စမတ်ဖုန်းတွေအားလုံးနီးပါးဟာ Screen တစ်ခုလုံးကို နေရာယူထားတဲ့ Display တွေကို အပြိုင်အဆိုင်ကို တပ်ဆင်လာကြတာပဲဖြစ်ပါတယ်။ အဲ့ဒီလိုပဲ Display ထုတ်လုပ်သူတွေကလည်း အပြိုင်အဆိုင်ကို ပိုပြီး Screen-to-Body Ratio များပြားတဲ့ Display တွေကို ထုတ်လုပ်ဖို့ ပြင်ဆင်လာကြတာပါ။

လက်ရှိမှာ အကြီးမားဆုံး Display ထုတ်လုပ်သူဖြစ်တဲ့ Samsung ကနေ သူရဲ့ Samsung ဖုန်းတွေအပါအဝင်အခြားသော Mi Mix 2s ၊ OnePlus နဲ့ အခြားသော စမတ်ဖုန်းတွေအတွက်ပါ Full Screen Display တွေကို ထုတ်လုပ်ပေးနေတာဖြစ်ပြီးတော့ အခုအချိန်မှာ LG Display ကလည်း Full Screen Display တွေကို ထုတ်လုပ်ဖို့အတွက် မူပိုင်ခွင့်ရယူလိုက်ပြီဖြစ်ပါတယ်။

LG ကနေ အခုမူပိုင်ခွင့်ရယူလိုက်တဲ့ Full Screen Display ဒီဇိုင်းက လုံးဝ Screen အပြည့် Display တော့မဟုတ်သေးပဲ Screen ရဲ့ အပေါ်ဘက်အလယ်မှာ Earpiece နဲ့ Selfie Camera အတွက် နေရာတစ်ခုကို ချန်ထားတာကိုတွေ့ရပါတယ်။ အဲ့ဒီအတွက် LG ရဲ့ Full Screen Display ဖုန်းတွေဟာလည်း Apple iPhone X လိုမျိုးပဲ Notch ပါဝင်လာမှာဖြစ်တယ်လို့ ယူဆရပါတယ်။

အခုမူပိုင်ခွင့်ရယူလိုက်တဲ့ LG ရဲ့ Full Screen Display ကိုတော့ အရင်ဆုံးအနေနဲ့ LG G7 စမတ်ဖုန်းမှာ တွေ့မြင်ရမယ်လို့ ယူဆရပြီးတော့ အခုအချိန်မှာ စမတ်ဖုန်းထုတ်လုပ်သူတွေအကုန်လုံးနီးပါးက Samsung Display တွေကိုပဲ အသုံးပြုနေကြတဲ့အတွက် အခု LG Display တွေကိုရော ဘယ်စမတ်ဖုန်းတွေမှာ မြင်ရမလဲဆိုတာက စိတ်ဝင်စားစရာပါ။