[Unicode]

LG Foldable ရဲ့ မဆုံးနိုင်သေးတဲ့ ပုံပြင်တွေထဲမှာ ထပ်ပြီးပြောစရာဖြစ်လာတာက OLED case အကြောင်းပဲ ဖြစ်ပါတယ်။ ပြောင်းလဲနေတဲ့ နည်းပညာခေတ်မှာ LG ကလည်း အပြောင်းအလဲတွေကို ဆန်းသစ်တီထွင်ရင်း ဒီတစ်ခါတော့ Foldable OLED case ကို မူပိုင်ခွင့်တင်လိုက်ပြန်တာပါ။

LG ဟာ သူတို့ရဲ့ Foldable စမတ်ဖုန်းကို ၂၀၁၉ နှစ်ထဲမှာ ရောင်းချမှာမဟုတ်ဘူးလို့ အဆိုပါနှစ်ဆန်းပိုင်းကတည်းက အတိအလင်း ကြေညာသွားခဲ့တာပါ။ အခု ၂၀၂၀ ထဲကိုရောက်နေပြီဖြစ်တာကြောင့် တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးရဲ့ Foldable စမတ်ဖုန်းအကြောင်း မျှော်လင့်မိပေမယ့် ထွက်လာတဲ့သတင်းက Foldable OLED case အကြောင်းပဲ ဖြစ်နေပါတယ်။

Foldable စမတ်ဖုန်းမှာ မျက်နှာပြင်ကြံ့ခိုင်မှုပြဿနာနဲ့ အပေါ်ယံကာကွယ်မှုအလွှာပြဿနာက အခုထိ ရှင်းလို့မရသေးချိန်မှာ LG က ပြောင်မြောက်တဲ့ ချဉ်းကပ်မှုတစ်ခုကို ပြုလုပ်နိုင်ခဲ့တယ်ပဲ ဆိုရမှာပါ။ မူပိုင်ခွင့်ပုံတွေမှာ တွေ့မြင်ရသလောက် Foldable ဖုန်းနဲ့ မျက်နှာပြင်တို့က သီးခြားစီဖြစ်တာကြောင့် ပျက်စီးသွားရင်လည်း အလွယ်တကူ အစားထိုးလဲလှယ်နိုင်မယ်လို့ ယူဆရပါတယ်။

ဒါ့အပြင် Cover ကလည်း စမတ်ဖုန်းနဲ့ အချိန်တိုင်း ချိတ်ဆက်နေဖို့ မလိုဘူးလို့ ယူဆရပါတယ်။ အနီးစပ်ဆုံးခန့်မှန်းရသလောက် Microsoft Surface cover နဲ့ ခပ်ဆင်ဆင်လို့ ဆိုရမှာပါ။ မတူညီတာက မျက်နှာပြင်နဲ့ Cover တွဲဆက်ထားပုံပါ။ မူပိုင်ခွင့် ဒီဇိုင်းပုံဆိုတာကလည်း လက်တွေ့ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းမဟုတ်ဘဲ တစ်ချို့တလေကသာ အမှန်တကယ်အကောင်အထည်ပေါ်လာတာကို မမေ့သင့်ပါဘူး။

Ref: Gizmochina

[Zawgyi]

Foldable OLED case ဒီဇိုင္းကို မူပိုင္ခြင့္တင္လိုက္ျပန္တဲ့ LG

LG Foldable ရဲ႕ မဆုံးႏိုင္ေသးတဲ့ ပုံျပင္ေတြထဲမွာ ထပ္ၿပီးေျပာစရာျဖစ္လာတာက OLED case အေၾကာင္းပဲ ျဖစ္ပါတယ္။ ေျပာင္းလဲေနတဲ့ နည္းပညာေခတ္မွာ LG ကလည္း အေျပာင္းအလဲေတြကို ဆန္းသစ္တီထြင္ရင္း ဒီတစ္ခါေတာ့ Foldable OLED case ကို မူပိုင္ခြင့္တင္လိုက္ျပန္တာပါ။

LG ဟာ သူတို႔ရဲ႕ Foldable စမတ္ဖုန္းကို ၂၀၁၉ ႏွစ္ထဲမွာ ေရာင္းခ်မွာမဟုတ္ဘူးလို႔ အဆိုပါႏွစ္ဆန္းပိုင္းကတည္းက အတိအလင္း ေၾကညာသြားခဲ့တာပါ။ အခု ၂၀၂၀ ထဲကိုေရာက္ေနၿပီျဖစ္တာေၾကာင့္ ေတာင္ကိုရီးယား နည္းပညာကုမၸဏီႀကီးရဲ႕ Foldable စမတ္ဖုန္းအေၾကာင္း ေမွ်ာ္လင့္မိေပမယ့္ ထြက္လာတဲ့သတင္းက Foldable OLED case အေၾကာင္းပဲ ျဖစ္ေနပါတယ္။

Foldable စမတ္ဖုန္းမွာ မ်က္ႏွာျပင္ႀကံ့ခိုင္မႈျပႆနာနဲ႔ အေပၚယံကာကြယ္မႈအလႊာျပႆနာက အခုထိ ရွင္းလို႔မရေသးခ်ိန္မွာ LG က ေျပာင္ေျမာက္တဲ့ ခ်ဥ္းကပ္မႈတစ္ခုကို ျပဳလုပ္ႏိုင္ခဲ့တယ္ပဲ ဆိုရမွာပါ။ မူပိုင္ခြင့္ပုံေတြမွာ ေတြ႕ျမင္ရသေလာက္ Foldable ဖုန္းနဲ႔ မ်က္ႏွာျပင္တို႔က သီးျခားစီျဖစ္တာေၾကာင့္ ပ်က္စီးသြားရင္လည္း အလြယ္တကူ အစားထိုးလဲလွယ္ႏိုင္မယ္လို႔ ယူဆရပါတယ္။

ဒါ့အျပင္ Cover ကလည္း စမတ္ဖုန္းနဲ႔ အခ်ိန္တိုင္း ခ်ိတ္ဆက္ေနဖို႔ မလိုဘူးလို႔ ယူဆရပါတယ္။ အနီးစပ္ဆုံးခန႔္မွန္းရသေလာက္ Microsoft Surface cover နဲ႔ ခပ္ဆင္ဆင္လို႔ ဆိုရမွာပါ။ မတူညီတာက မ်က္ႏွာျပင္နဲ႔ Cover တြဲဆက္ထားပုံပါ။ မူပိုင္ခြင့္ ဒီဇိုင္းပုံဆိုတာကလည္း လက္ေတြ႕ထုတ္လုပ္ထားတဲ့ ကုန္ပစၥည္းမဟုတ္ဘဲ တစ္ခ်ိဳ႕တေလကသာ အမွန္တကယ္အေကာင္အထည္ေပၚလာတာကို မေမ့သင့္ပါဘူး။

Ref: Gizmochina