မကြာခင်မိတ်ဆက်တော့မယ့် LG ရဲ့ Flagship ဖုန်းဖြစ်တဲ့ LG G7 နဲ့ပတ်သက်ပြီး LG ရဲ့ Teaser တွေထွက်လာပါပြီ။ LG G7 ThinQ ကိုတော့ AI ပိုင်းဦးစားပေးဖုန်းအနေနဲ့မြင်တွေ့ရဖိှုှ့ရှိပါတယ်။ LG G7 ThinQ ကို AI ပိုင်းအပြင် Media ပိုင်းအတွက် အထူးသဖြင့် အသံပိုင်းအတွက် တော်တော်လေးလုပ်ပေးထားပါတယ်။

LG G7 ThinQ မှာ Boombox Speaker လို့နာမည်ပေးထားတဲ့ Speaker စနစ်ပါဝင်မှာပါ။ Boombox Speaker တွေဘယ်လို အလုပ်လုပ်သလဲဆိုတာကိုလည်း LG ကအနည်းငယ်ပြောပြထားပါတယ်။ အသံကို သာမန်ထက်ပိုကျယ်ပေးမှာဖြစ်ပြီး Bass သံကိုပါ နှစ်ဆအထိတိုးမြှင့်ပေးမှာဖြစ်ပါတယ်။ သာမန် ဖုန်း Speaker တွေထက် ဆယ်ဆကျော်လောက်ပိုကျယ်နိုင်မယ်လို့ထင်ရပါတယ်။ စားပွဲပေါ်နဲ့ ဘူးတစ်ခုခုထည်းကို ဖုန်းကိုထားလိုက်မယ်ဆိုရင် Bass သံကပိုကျယ်လာနိုင်ဦးမှာပါ။

LG ကတော့ လက်ရှိ Teaser မှာ Boombox အကြောင်း အားလုံးမပြောထားပါဘူး။ ပုံထဲကအတိုင်းဆိုရင်တော့ LG က Boombox Feature အတွက် ဖုန်းရဲ့ အတွင်းပိုင်းနေရာလွတ်အားလုံးကို Speaker အတွက် သုံးပေးထားသလိုပါပဲ။ အသံကိုပိုနက်နက်ကြားရစေဖို့ကို ဆိုလိုတာလည်းဖြစ်နိုင်ပါတယ်။ သာမန်ဖုန်းတွေနဲ့တော့ အသံထွက်သိသိသာသာကွာခြားမယ်လို့မျှော်လင့်ရပါတယ်။ Sony ကလည်း မကြာသေးခင်က သူတို့ XZ2 ဖုန်းတွေမှာ Speaker ပိုင်းအတွက် Vibration တွေထည့်ပေးထားပါသေးတယ်။

ကျန်တဲ့ Audio ပိုင်းအနေနဲ့တော့ Headphone အသုံးပြုသူတွေအတွက် Feature အသစ်တွေထည့်ပေးထားပါသေးတယ်။ Hi-Fi Quad DAC အပြင် DTS:X ဆိုတာကို ထပ်ထည့်ပေးထားပါသေးတယ်။ DTS:X ဆိုတာကတော့ 3D Surround Sound ကို ရအောင်လုပ်ပေးမယ့် Feature ပါ။ LG G7 ThinQ ကတော့ DTS:X ပါတဲ့ ကမ္ဘာ့ပထမဦးဆုံး ဖုန်းဖြစ်လာမှာပါ။ အခုလို LG ရဲ့ Teaser တွေအတိုင်း ဖုန်းတစ်ကယ်ထွက်လာရင် ကောင်းမကောင်းဆိုတာ စောင့်ကြည့်ရမှာပါ။