LG က Android 12 OS မောင်းနှင်ထားတဲ့ စွမ်းဆောင်ရည်သင့် Ultra Tab တက်ဘလက်ကို ကြေညာလိုက်ပါတယ်။ Charcoal Gray အရောင် ဖြစ်ပြီး ၃၃၀ ဒေါ်လာနဲ့ ရောင်းချပေးနေပါပြီ။

LG Ultra Tab

LG Ultra Tab မှာ ၁၀.၃၅ လက်မ 2K IPS 2000x1200p မျက်နှာပြင် တပ်ဆင်ထားပြီး 60Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Wacom AES 2.0 Pen နဲ့ စာရေးတာ၊ ပုံဆွဲတာတွေ ပြုလုပ်နိုင်ပြီး Qualcomm Snapdragon 680 Processor မောင်းနှင်ထားပါတယ်။ 4GB RAM နဲ့ 64GB Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။

MIL-STD 810G စံနှုန်း ပါတဲ့အတွက် အကြမ်းခံပြီး စပီကာ ၄ လုံး ပါပါတယ်။ အရှေ့ဘက်မှာ 5MP ကင်မရာနဲ့ အနောက်ဘက်မှာ 8MP ကင်မရာ တပ်ဆင်ထားပြီး WiFi 802.11 a/b/g/n/ac နဲ့ Bluetooth 5.1 ပါပါတယ်။ အရွယ်အစား အပြည့်အစုံက 247.6 × 157.3 × 7.1 mm ရှိပြီး အလေးချိန်က ၄၅၈ ဂရမ် ဖြစ်ပါတယ်။ 25W Fast Charging ထောက်ပံ့တဲ့ 7,040mAh ဘက်ထရီ ထည့်သွင်းပေးထားပါတယ်။

LG ဟာ ပြီးခဲ့တဲ့ နှစ်က စမတ်ဖုန်း လောကကနေ ထွက်ခွာခဲ့ပေမယ့် လက်ရှိ ရောင်းချထားတဲ့ မော်ဒယ်တွေကို Support လုပ်ပေးနေပါတယ်။ မကြာခင်က ကုမ္ပဏီရဲ့ နောက်ဆုံးထုတ် စမတ်ဖုန်း ၁ လုံးအတွက် အဓိက Update ၁ ခုကို ဖြန့်ချိပေးခဲ့ပြီး LG Velvet ဟာ Android 12 Update ကို ရရှိခဲ့ပါတယ်။

Ref : gizchina