LG Display ဟာ Flexible Display နည်းပညာ အသစ်ကို ပြသလိုက်ပါတယ်။ LG ဟာ ကမ္ဘာ့ ပထမဆုံး ဆန့်ထုတ်နိုင်တဲ့ Display ကို ပြသလိုက်ပြီး ရုပ်ပုံ အရည်အသွေးကို မထိခိုက်စေဘဲ ၅၀ ရာခိုင်နှုန်း ဆန့်ထုတ်နိုင်ပါတယ်။

အဲဒီ Display ဟာ ၁၂ လက်မ ကနေ ၁၈ လက်မအထိ ဆန့်ထုတ်နိုင်ပြီး ၁ လက်မမှာ ၁၀၀ Pixels High Resolution နဲ့ Full RGB Color ကို ထိန်းသိမ်းထားနိုင်ပါတယ်။

LG ဟာ ၂၀၂၂ ခုနှစ်မှာလည်း ဆန့်ထုတ်နိုင်တဲ့ Display ကို ပြသခဲ့ ဖူးပြီး ၂၀ ရာခိုင်နှုန်းပဲ ဆန့်ထုတ်နိုင်ပါတယ်။

LG အခု ပြသလိုက်တဲ့ ဆန့်ထုတ်နိုင်တဲ့ Display ဟာ လက်ရှိ Flexible Display တွေလို ကွေးညွှတ်နိုင်ရုံသာမက လိမ်ချိုးနိုင်ကာ ပုံသဏ္ဍာန်မျိုးစုံကို အသွင်ပြောင်းနိုင်ပါတယ်။ အဲဒီအတွက် ထူးခြားဆန်းသစ်တဲ့ Device တွေကို တီထွင်ဖန်တီးနိုင်မှာပါ။

LG Display Unveils the World's First High-Resolution Stretchable Display - LG Display Newsroom

LG က အဲဒီ Display ဟာ မာကျောပြီး အကြိမ် ၁၀,၀၀၀ ဆန့်ထုတ်နိုင်တယ်လို့ ပြောပါတယ်။ Display မှာ ၄၀ မိုက်ကရိုမီတာ ပဲ ရှိတဲ့ Micro-LED Light Source ထည့်သွင်းထားပြီး အလွန်မြင့်မားတဲ့ အပူချိန်နဲ့ တုန်ခါမှုကို ခံနိုင်ပါတယ်။

အဲဒီ Display ဟာ ပါးလွှာ ပေါ့ပါးပြီး အဝတ်အထည်နဲ့ အရေပြားလို ကွေးညွှတ်နေတဲ့ မျက်နှာပြင်တွေပေါ်မှာ တပ်ဆင်နိုင်ပါတယ်။ LG က အဲဒီနည်းပညာကို ဖက်ရှင်နဲ့ Wearable အပါအဝင် နယ်ပယ်မျိုးစုံမှာ အသုံးပြုနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

Ref : gizmochina