Samsung ကနေ ဒေါ်လာ ၂၀၀၀ တန် Samsung Galaxy Note 8 X 99 Avant Edition ကို ထုတ်လုပ်ခဲ့သလိုပဲ ပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့ LG ကနေ LG V30 Smartphone ကို Signature Edition ဆိုပြီး ထပ်မံထုတ်လုပ်ခဲ့ပါတယ်။

အဆိုပါ LG V30 Signature Edition ဖုန်းကို ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၁၈၀၀ ဝန်းကျင်နဲ့ ရောင်းချသွားမှာဖြစ်ပြီးတော့ အလုံးအရေအတွက် ၃၀၀ ခန့်သာ ရောင်းချသွားမယ်လို့ သိရပါတယ်။

အခု LG V30 Signature Edition ဖုန်းဟာ အပြင်ပန်းမှာတင် သာမန် LG V30 ဖုန်းနဲ့ များစွာကွာခြားပြီးတော့ အစင်းလုံးဝမထင်နိုင်တဲ့ Zirconium Ceramic ကိုယ်ထည်နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ အဲ့ဒါတင်မကသေးပဲ LG ကနေ ဝယ်ယူသူရဲ့ နာမည်ကို Laser နဲ့ စာလုံးထွင်းပေးဦးမှာဖြစ်ပြီး Bang & Olufsen Earphones နဲ့ Bluetooth Headphones တွေကိုပါ လက်ဆောင်ပေးသွားဦးမှာဖြစ်ပါတယ်။

အပြင်ပန်းကွာခြားမှုကလွဲပြီးတော့ အခြားအတွင်းပိုင်း အချက်အလက်တွေကတော့ LG V30 ဖုန်းနဲ့ တူညီပြီး 6″ Quad HD+ OLED Display, Snapdragon 835 CPU, RAM 6GB, 256GB Storage နဲ့ Android 8.0 Oreo ပါဝင်မှာဖြစ်ပါတယ်။