ေအာက္တုိဘာ ၃ ရက္ေန႔မွာ က်င္းပသြားမယ့္ LG V40 ThinQ စမတ္ဖုန္းအသစ္ မိတ္ဆက္ပြဲဟာ LG ရဲ႕ Smartwatch ထုတ္ကုန္အသစ္ကိုလည္း ထည့္သြင္းမိတ္ဆက္လာႏုိင္ျပီး ၄င္းကို LG Watch W7 လို႔ ေလာေလာဆယ္ အမည္ေပးထားေၾကာင္း သိရပါတယ္။ LG စမတ္နာရီအသစ္ဟာ ျပီးခဲ့တဲ့ ဧျပီလထဲက သတင္းေပါက္ၾကားခဲ့တာျဖစ္ေပမယ့္ Android Wear ထုတ္ကုန္ေတြက စမတ္ဖုန္းေတြေလာက္ေတာ့ မျမန္ပါဘူး။

LG Watch W7 မွာ 1.2” လက္မအရြယ္ 360 x 360p Screen တစ္ခု ပါဝင္မွာျဖစ္ကာ 240 mAh ဘကၳရီအားျဖစ္ပါတယ္။ ၂၀၁၇ ႏွစ္စမွာ ထြက္ခဲ့တဲ့ LG Watch Style စမတ္နာရီနဲ႔ တူညီတဲ့ Display ျဖစ္ေပမယ့္ LCD အစား P-OLED အသုံးျပဳလာႏုိင္တယ္။ ဧျပီလမွာ သတင္းစထြက္ခဲ့တုန္းက Snapdragon Wear 2100 ကို အသုံးျပဳထားတယ္ ဆုိေပမယ့္ အခုခ်ိန္မွာ Qualcomm က Wear 3100 နဲ႔ Wear 2500 Chipset ေတြကို မိတ္ဆက္ခဲ့ျပီးျပီ ျဖစ္တဲ့အတြက္ ခ်စ္ပ္ဆက္ပုိင္းမွာလည္း ပိုျမင့္တဲ့နည္းပညာကို ေတြ႕ရႏုိင္ပါတယ္။

မန္မုိရီ 768MB RAM နဲ႔ Storage ပမာဏ 4GB တုိ႔ ပါမယ့္ Watch W7 ဟာ GPS စနစ္ေတာ့ မပါဘူးလို႔ သတင္းအေဟာင္းမွာ ဆုိထားတယ္။ ႏွလုံးခုန္ႏႈန္းျပ ဆင္ဆာလည္း မေတြ႕ခဲ့ရေပမယ့္ LG Watch Sport မွာတုန္းက ပါဝင္တဲ့အတြက္ ေမွ်ာ္လင့္လုိ႔ ရပါေသးတယ္။

သတင္းထြက္လာတဲ့ စမတ္နာရီအသစ္ အေၾကာင္းကိုေတာ့ ေနာက္အပတ္ဆုိရင္ သဲသဲကြဲကြဲ သိရေတာ့မွာပါ။ ဒါ့အျပင္ နာမည္ၾကီးေနတဲ့ LG V40 ThinQ စမတ္ဖုန္းရဲ႕ အဓိက Feature ေတြကိုလည္း တစ္ရက္ထဲမွာပဲ မ်က္ျမင္ခံစားရေတာ့မွာ ျဖစ္ပါတယ္။

Ref – GSM Arena

Unicode

အောက်တိုဘာ ၃ ရက်နေ့မှာ ကျင်းပသွားမယ့် LG V40 ThinQ စမတ်ဖုန်းအသစ် မိတ်ဆက်ပွဲဟာ LG ရဲ့ Smartwatch ထုတ်ကုန်အသစ်ကိုလည်း ထည့်သွင်းမိတ်ဆက်လာနိုင်ပြီး ၎င်းကို LG Watch W7 လို့ လောလောဆယ် အမည်ပေးထားကြောင်း သိရပါတယ်။ LG စမတ်နာရီအသစ်ဟာ ပြီးခဲ့တဲ့ ဧပြီလထဲက သတင်းပေါက်ကြားခဲ့တာဖြစ်ပေမယ့် Android Wear ထုတ်ကုန်တွေက စမတ်ဖုန်းတွေလောက်တော့ မမြန်ပါဘူး။

LG Watch W7 မှာ 1.2” လက်မအရွယ် 360 x 360p Screen တစ်ခု ပါဝင်မှာဖြစ်ကာ 240 mAh ဘက္ထရီအားဖြစ်ပါတယ်။ ၂၀၁၇ နှစ်စမှာ ထွက်ခဲ့တဲ့ LG Watch Style စမတ်နာရီနဲ့ တူညီတဲ့ Display ဖြစ်ပေမယ့် LCD အစား P-OLED အသုံးပြုလာနိုင်တယ်။ ဧပြီလမှာ သတင်းစထွက်ခဲ့တုန်းက Snapdragon Wear 2100 ကို အသုံးပြုထားတယ် ဆိုပေမယ့် အခုချိန်မှာ Qualcomm က Wear 3100 နဲ့ Wear 2500 Chipset တွေကို မိတ်ဆက်ခဲ့ပြီးပြီ ဖြစ်တဲ့အတွက် ချစ်ပ်ဆက်ပိုင်းမှာလည်း ပိုမြင့်တဲ့နည်းပညာကို တွေ့ရနိုင်ပါတယ်။

မန်မိုရီ 768MB RAM နဲ့ Storage ပမာဏ 4GB တို့ ပါမယ့် Watch W7 ဟာ GPS စနစ်တော့ မပါဘူးလို့ သတင်းအဟောင်းမှာ ဆိုထားတယ်။ နှလုံးခုန်နှုန်းပြ ဆင်ဆာလည်း မတွေ့ခဲ့ရပေမယ့် LG Watch Sport မှာတုန်းက ပါဝင်တဲ့အတွက် မျှော်လင့်လို့ ရပါသေးတယ်။

သတင်းထွက်လာတဲ့ စမတ်နာရီအသစ် အကြောင်းကိုတော့ နောက်အပတ်ဆိုရင် သဲသဲကွဲကွဲ သိရတော့မှာပါ။ ဒါ့အပြင် နာမည်ကြီးနေတဲ့ LG V40 ThinQ စမတ်ဖုန်းရဲ့ အဓိက Feature တွေကိုလည်း တစ်ရက်ထဲမှာပဲ မျက်မြင်ခံစားရတော့မှာ ဖြစ်ပါတယ်။

Ref – GSM Arena