LG ကနေ မကြာခင်အချိန်အတွင်းမှာ LG G7 Flagship စမတ်ဖုန်းအသစ်ကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုပေါက်ကြားနေတဲ့သတင်းတွေအရ LG ကနေ LG G7 အပြင် အခြား Midrange ဖုန်းအသစ်တစ်ခုကိုပါ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

LG ကနေ အခုအသစ်ထုတ်လုပ်မယ့် စမတ်ဖုန်းကတော့ LG Q7 ဖြစ်တယ်လို့ သိရပြီးတော့ အဆိုပါ စမတ်ဖုန်းက ပြီးခဲ့တဲ့ နှစ်ကထုတ်လုပ်ထားတဲ့ LG Q6 စမတ်ဖုန်းရဲ့ မျိုးဆက်ဖြစ်လာမှာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ LG Q6 စမတ်ဖုန်းက Midrange စမတ်ဖုန်းတွေထဲမှာ ပထမဆုံးသော 18:9 Ratio Display ကို အသုံးပြုလာတဲ့စမတ်ဖုန်းတစ်ခုဖြစ်သလိုပဲ အခု Q7 စမတ်ဖုန်းကလည်း အရည်အသွေးမြင့် Midrange ဖုန်းတစ်ခုဖြစ်လာမယ်လို့ ယူဆရပါတယ်။

လောလောဆယ်မှာတော့ LG ဟာ LG G7 စမတ်ဖုန်းရော ၊ LG Q7 စမတ်ဖုန်းအကြောင်းကိုပါ အတိအကျပြောကြားထားခြင်းမရှိတဲ့အတွက် အခု LG ဖုန်းသစ်တွေထွက်ရှိဖို့က အချိန်တစ်ခုကြာဦးမယ်လို့ ယူဆရပါတယ်။