ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက LG ကနေ ယခုနှစ် MWC 2018 ပွဲမှာ LG V30 ကိုပဲ Upgrade ပြုလုပ်ထားတဲ့ စမတ်ဖုန်းတစ်မျိုးကို ပြသသွားမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး အခုအချိန်မှာတော့ LG ကနေ V30s နာမည်နဲ့ စမတ်ဖုန်းတစ်မျိုးကို မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

LG ကနေ ယခုထုတ်လုပ်လာမယ့် LG V30s စမတ်ဖုန်းဟာ အပြင်ပိုင်းဒီဇိုင်းအရတော့ LG V30 စမတ်ဖုန်းနဲ့ တူညီမှာဖြစ်ပြီးတော့ Storage အနေနဲ့ ယခင် LG V30 ထက် ၄ ဆပိုမိုများပြားတဲ့ 256GB ပါဝင်မယ်လို့ သိရပါတယ်။ Storage အနေနဲ့ Upgrade ပြုလုပ်သွားမှာဖြစ်ပေမယ့် အရေးကြီးတဲ့ RAM နဲ့ Storage တွေကိုတော့ Upgrade ပြုလုပ်ဖို့ ရှိမရှိ မသေချာသေးဘူးပဲဖြစ်ပါတယ်။

LG ကနေ ယခု LG V30s နဲ့အတူ LG Lens ဆိုပြီး Google Lens နဲ့ ပုံစံတူတဲ့ Vision Based Assistant တစ်ခုကို မိတ်ဆက်သွားဖို့ရှိပါတယ်။ အဆိုပါ Assistant ဟာ ကိုယ်ရိုက်လိုက်တဲ့ ဓါတ်ပုံထဲမှာ ပါဝင်တဲ့အရာဝတ္ထုတွေကို အလိုအလျောက်ခွဲခြားပေးနိုင်မယ်လို့လည်း သိရပါတယ်။

LG V30s စမတ်ဖုန်းကိုတော့ ဒေါ်လာ ၉၂၀ ဝန်းကျင်လောက်နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။