Apple ဟာ မနှစ်က ပထမဆုံးအနေနဲ့ OLED Display အသုံးပြုထားတဲ့ Apple iPhone X ကို ထုတ်လုပ်ခဲ့ပြီး အောင်မြင်မှုတွေလည်း ရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါ iPhone X ရဲ့ Display ကို Samsung ကနေ ထုတ်လုပ်ပေးထားတာဖြစ်ပြီးတော့ Samsung ရဲ့ ကြေငြာချက်အရ ယခုနှစ်မှာ ထုတ်လုပ်မယ့် Apple iPhone တွေရဲ့ OLED Display ကိုလည်း Samsung ကပဲ ထုတ်လုပ်ပေးသွားမယ်လို့ သိထားတာဖြစ်ပါတယ်။

ဒါပေမယ့် အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ Apple ဟာ 5.8″ နဲ့ 6″ OLED Display အသုံးပြုလာမယ့် iPhone တွေရဲ့ Display တွေကိုပဲ Samsung ဆီကနေ ရယူမှာဖြစ်ပြီးတော့ ယခုနှစ်မှာ ကြေငြာမယ့်နောက်ထပ် 6.5″ OLED Display အသုံးပြုထားမယ့် iPhone ရဲ့ Display ကိုတော့ LG ဆီကနေ ရယူမယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း Apple iPhone တွေအတွက် OLED Display တွေကို အဓိကထုတ်လုပ်မယ့်သူကတော့ Samsung ပဲဖြစ်ပြီး LG Display တွေကိုတော့ ယခုနှစ် နှစ်လယ်ပိုင်းမှရယူဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။ နောက်ပြီး LG က ထုတ်လုပ်သွားမယ့် 6.5″ OLED Display အရေအတွက်ဟာ Samsung က ထုတ်လုပ်မယ့် အရေအတွက်ထက်နည်းပါးနေတာကြောင့် 6.5″ OLED Display အသုံးပြုလာမယ့် iPhone ဟာ အများကြီး တိုးတက်မှုမရှိပဲ ဈေးနှုန်းပိုသက်သာတဲ့ iPhone ဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။

အခုလိုမျိုး Apple ကနေ iPhone နောက်ထပ် ၃ လုံးကို တနှစ်ထဲမှာ ထုတ်ပြဖို့ စီစဉ်နေတာက iPhone 9 ၊ 9 Plus နဲ့ iPhone X Plus ဖုန်းတွေပဲဖြစ်လာမလား၊ ဒါမှမဟုတ် တခြားနာမည်တစ်ခုပဲပေးဦးမလားကတော့ စောင့်ကြည့်ရမှာပါ။