Sony ဟာ ယခုနှစ်ထဲမှာ OLED Display အသုံးပြုထားတဲ့ Xperia စမတ်ဖုန်းတွေကို ထုတ်လုပ်သွားမယ်လို့ သိရပြီးတော့ အဆိုပါဖုန်းတွေအတွက် OLED Display တွေကို LG ဆီကနေ ဝယ်ယူသွားမယ်လို့ သိရပါတယ်။

Sony ဟာ သူရဲ့ ဈေးနှုန်းမြင့်မားတဲ့ Premium TV တွေမှာလည်း OLED Panels တွေကို အသုံးပြုထားတဲ့အတွက် စမတ်ဖုန်းအတွက်လည်း LG ကိုပဲ ရွေးချယ်တယ်လို့ ယူဆရပါတယ်။

Sony ဟာ ယခုလ MWC 2018 Event မှာလည်း အခုနောက်ပိုင်း ခေတ်စားလာတဲ့ 18:9 Ratio FullScreen Display နဲ့ Sony Xperia XZ Pro စမတ်ဖုန်းကို ထုတ်လုပ်ဦးမယ်လို့ သိရှိရပြီးတော့ အခုလိုမျိုး LG နဲ့ အတူ OLED Display ဖုန်းတွေထုတ်လုပ်ဖို့ စဉ်းစားနေတာကနောက်ပိုင်းမှာ Curved Display ဒါမှမဟုတ် ခေါက်နိုင်တဲ့ဖုန်းတွေပါ ထုတ်ဖို့ရှိနေတယ်လို့ ယူဆရပါတယ်။

LG ကလည်း OLED Display ဈေးကွက်ကို အတော်အသင့်ရရှိထားပြီးဖြစ်ပြီးတော့ LG V30 နဲ့ Pixel 2 XL စမတ်ဖုန်းတွေမှာလည်း LG ရဲ့ OLED Display ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။