LG ဟာ အခုနောက်ပိုင်းမှာ စမတ်ဖုန်းအသစ်တွေကိုထုတ်လုပ်ဖို့ စိတ်မကူးတော့ပဲ မနှစ်ကထွက်ရှိထားတဲ့စမတ်ဖုန်းတွေကိုပဲ အပြင်ပိုင်း သို့မဟုတ် အတွင်းပိုင်းပြင်ဆင်မှုတွေပြုလုပ်ပြီးရောင်းချနေတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် LG ဟာ ယခုနှစ် MWC 2018 Event မှာလည်း စမတ်ဖုန်းအသစ်ထုတ်ပြမှာမဟုတ်ဘူးလို့ ပြောကြားထားပြီးဖြစ်ပါတယ်။

ဒါပေမယ့် LG က မနှစ်ကထွက်ရှိပြီးဖြစ်တဲ့ LG G6 စမတ်ဖုန်းကို အပြင်ပိုင်းအရောင်ပြောင်းလဲပြီး ထုတ်လုပ်ဦးမယ်လို့ သိရပါတယ်။ LG ဟာ မနှစ် နှစ်ကုန်ပိုင်းက ထုတ်လုပ်ခဲ့တဲ့ LG V30 စမတ်ဖုန်းကိုလည်း Raspberry အရောင်နဲ့ ထုတ်လုပ်ခဲ့ပြီး အခုအချိန်မှာတော့ LG G6 ကိုပါ ထပ်မံထုတ်လုပ်ဖို့ စိတ်ကူးနေပုံပါပဲ။

LG ရဲ့ အခုတစ်ကြိမ် Raspberry Rose အရောင်က ယခင် LG V30 ရဲ့ အရောင်နဲ့တူညီခြင်းမရှိပဲ ရွှေရောင်ဘက်သန်းနေတာကို ပေါက်ကြားလာတဲ့ ဓါတ်ပုံတွေအရတွေ့ရပါတယ်။ ဖုန်းရဲ့ အရှေ့ဘက်ကတော့ အနက်ရောင်ပဲဖြစ်နေဦးမှာပါ။

LG ဟာ အခုလိုမျိုး သူရဲ့ စမတ်ဖုန်းတွေကို လှပတဲ့အရောင်အသစ်တွေနဲ့ ထုတ်လုပ်နေတာဟာ ကောင်းတဲ့အချက်ပေမယ့် အခုလိုမျိုး နောက်ဆုံးပေါ် Hardware တွေနဲ့ စမတ်ဖုန်းအသစ်တွေ ထွက်ရှိတော့မယ့်အချိန်မှာ Processor အဟောင်းနဲ့ စမတ်ဖုန်းတွေကို ရောင်းချဖို့ကြိုးစားနေတာကတော့မှားယွင်းတဲ့အချက်တစ်ခုပါ။