၂၀၁၈ ခုနှစ်ဟာ စမတ်ဖုန်းထုတ်လုပ်သူတွေအတွက် နောက်ထပ် Trend တစ်ခုဖြစ်လာနိုင်တဲ့ ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းတွေကိုထုတ်လုပ်ဖို့ စီစဉ်နေပုံပါပဲ။ အခုအချိန်မှာတော့ Samsung ၊ Huawei နဲ့ OPPO ကုမ္ပဏီတွေကလည်း ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းတွေကိုထုတ်လုပ်လာတော့မှာဖြစ်ပြီးတော့ အခုအချိန်မှာတော့ LG လည်း အခု ခေါက်နိုင်တဲ့စမတ်ဖုန်းတွေထဲကို ဝင်ရောက်လာပြီပဲဖြစ်ပါတယ်။

အခု LG က မူပိုင်ခွင့်တင်လိုက်တဲ့ ခေါက်ချိုးနိုင်တဲ့စမတ်ဖုန်းဒီဇိုင်းဟာ ယခင် Huawei နဲ့ Samsung တို့နဲ့ မတူညီပဲကွဲပြားတာတစ်ခုရှိနေပြီးတော့ အဲ့ဒီအချက်ကတော့ Screen Display ၂ ခုမဟုတ်ပဲ ၃ ခုပါဝင်နေတာပဲဖြစ်ပါတယ်။

အခု LG ရဲ့ မူပိုင်ခွင့်ရယူထားတဲ့ ဓါတ်ပုံတွေအရ အဆိုပါ Display ၃ ခုကို ဖြန့်ထားလိုက်မယ်ဆိုရင် ကြီးမားတဲ့ Ultrawide Display တစ်ခုအနေနဲ့ ဖြစ်သွားမှာဖြစ်ပေမယ့် သာမန်ဖုန်းတစ်ခုအနေနဲ့ ခေါက်ထားတဲ့အချိန်မှာတော့ အတော်လေးကိုထူနေတော့မှာပါ။

ယခင် ZTE က ထုတ်လုပ်ထားတဲ့ Display ၂ ခုပါဝင်တဲ့ ခေါက်ချိုးနိုင်တဲ့ Axon M စမတ်ဖုန်းတောင်မှ သာမန်ဖုန်းအနေနဲ့ အသုံးပြုတဲ့အချိန်မှာ အတော်လေးကိုထူတဲ့အတွက် အခု LG ရဲ့ Display ၃ ခုပါဝင်တဲ့ စမတ်ဖုန်းက အောင်မြင်နိုင်ပါ့မလားဆိုတာကတော့ မပြောရဲစရာပါပဲ.