LG ကနေ အခုအချိန်မှာ Android Midrange စမတ်ဖုန်းတစ်ခုဖြစ်တဲ့ LG X4 စမတ်ဖုန်းကို တောင်ကိုရီးယားနိုင်ငံမှာ စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အခု LG X4 စမတ်ဖုန်းဟာ စွမ်းဆောင်ရည်အရ ထိပ်တန်းအရမဟုတ်ပေမယ့် ဈေးနှုန်းအနေနဲ့တော့ မဆိုးဘူးလို့ ပြောလို့ရပါတယ်။

LG X4 စမတ်ဖုန်းဟာ 5.3″ HD Display ကို အသုံးပြုထားပြီးတော့ Qualcomm Snapdragon 425 Processor ကိုအသုံးပြုထားတဲ့အတွက် သာမန်အသုံးပြုမှုတွေအတွက်တော့ မဆိုးဘူးလို့ ပြောလို့ရပါတယ်။ RAM အနေနဲ့ 2GB RAM နဲ့ 16GB Storage ပဲ ပါဝင်တဲ့အတွက် သာမန်လို့ပဲပြောလို့ရပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ 8MP Back Camera နဲ့အတူ Front Camera ကို 5MP တပ်ဆင်ထားတယ်လို့သိရပါတယ်။ Fingerprint Scanner ကိုလည်းတပ်ဆင်ထားပြီးတော့ 3000mAh Battery နဲ့အတူ Android 7.1.2 ကို အသုံးပြုထားပါတယ်။

LG X4 စမတ်ဖုန်းဟာ အရောင်အနေနဲ့ အနက်ရောင်နဲ့ ရွှေရောင်ဆိုပြီး ထုတ်လုပ်သွားမှာဖြစ်ပြီးတော့ လောလောဆယ်မှာတော့ တောင်ကိုရီးယားနိုင်ငံမှာပဲ ဒေါ်လာ ၂၇၅ နဲ့ ညီမျှတဲ့ ဈေးနှုန်းနဲ့ ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။