LG ကနေ အခုဈေးနှုန်းသက်သာတဲ့ စမတ်ဖုန်းဈေးကွက်အတွက် LG Zone 4 အမည်ရှိတဲ့ စမတ်ဖုန်းတစ်ခုကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ အခု LG Zone 4 စမတ်ဖုန်းဟာ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၁၁၀ သာ ကျသင့်မှာဖြစ်တဲ့အတွက် ဈေးအရတော့အလွန်သက်သာမှာဖြစ်တယ်လို့ ပြောလို့ရပါတယ်။

LG Zone 4 စမတ်ဖုန်းဟာ Qualcomm Snapdragon 425 Processor ကို အသုံးပြုမှာဖြစ်ပြီးတော့ RAM 2GB နဲ့ Storage 16GB ကို အသုံးပြုထားမှာဖြစ်ပါတယ်။ ဖုန်းရဲ့ နောက်ကျောဘက်မှာတော့ 8MP Camera ကို တပ်ဆင်ထားပြီးတော့ ဖုန်းရဲ့ အရှေ့ဘက်မှာတော့ 5MP Camera ကို တပ်ဆင်ထားမှာပဲဖြစ်ပါတယ်။

အခု စမတ်ဖုန်းမှာ Battery အနေနဲ့တော့ 2500mAh Battery နဲ့ Android Version 7.1.2 ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ Display အနေနဲ့တော့ 5″ HD Display ကို အသုံးပြုထားပြီး အခုနောက်ပိုင်းခေတ်စားလာတဲ့ 18:9 Ratio Display အမျိုးအစားတော့မဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် LG Zone 4 စမတ်ဖုန်းရဲ့ Battery ဟာ ဖယ်ရှားနိုင်တဲ့အပြင် Fingerprint Sensor လည်းပါဝင်တဲ့အတွက် ဒေါ်လာ ၁၀၀ တန် စမတ်ဖုန်းအနေနဲ့ဆိုရင်တော့ တန်တယ်လို့ပြောရမှာပါ။