[Unicode]

ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ပေးတဲ့ အသေးစား မောင်းသူမဲ့ ကားတွေကို အများသုံးလမ်းတွေမှာ စီးပွားဖြစ် သုံးစွဲတာကို ကယ်လီဖိုးနီးယားမှာ ခွင့်ပြုပေးလိုက်ပါပြီ။ ပြည်နယ်ရဲ့ မော်တော်ကား အာဏာပိုင် ဌာနက ဒီခွင့်ပြုချက်ကို အင်္ဂါနေ့က ကြေညာလိုက်တာ ဖြစ်ပြီး အလေးချိန် ၁၀,၀၀၁ ပေါင်အောက်ပဲရှိတဲ့ ကားတွေကိုပဲ ခွင့်ပြုမှာပါ။ အဲဒီအတွက် Class 1 နဲ့ 2 Trucks ကားတွေ ဖြစ်တဲ့ Minivans, Pickup Trucks, Utility Vans နဲ့ Step Vans တွေ အကျုံးဝင်ပါတယ်။

ပေါင် ၁၀,၀၀၁ ထက် ပိုတဲ့ Class 3 ကနေ 8 အထိ ကားတွေ ဖြစ်တဲ့ Walk-In Delivery Trucks, Semi Trucks, Buses နဲ့ Heavy-Duty Construction Vehicles တွေကို ခွင့်မပြုသေးပါဘူး။ မောင်းသူမဲ့ တက္ကစီတွေထက် ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ပေးတဲ့ မောင်းသူမဲ့ ကားတွေကို ဖန်တီးနေတဲ့ ကုမ္ပဏီတွေအတွက် သတင်းကောင်း ဖြစ်ပါတယ်။

အရီဇိုးနားနဲ့ တက္ကဆက်စ်မှာ မောင်းသူမဲ့ ကားတွေနဲ့ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်တာကို စမ်းသပ်နေတဲ့ Nuro က ကယ်လီဖိုးနီးယားမှာ သူ့ရဲ့ ကားတွေကို စတင် စမ်းသပ်ဖို့ အတွက် လုပ်ငန်းလိုင်စင် လျှောက်ထားတော့မယ်လို့ ပြောပါတယ်။ ကယ်လီဖိုးနီးယားဟာ မောင်းသူမဲ့ ကားတွေ စမ်းသပ်ဖို့အတွက် နေရာကောင်း ဖြစ်ပါတယ်။ အခု ဥပဒေ အသစ် ပေါ်ပေါက်လာဖို့အတွက် အများသုံး လမ်းတွေမှာ သုံးနိုင်မယ့် မောင်းသူမဲ့ ကားတွေကို ဖန်တီးနေတဲ့ General Motors, Alphabet’s Waymo, နဲ့ Uber တို့လို ကုမ္ပဏီတွေဟာ ပြည်နယ် အစိုးရနဲ့ ပူးပေါင်းလုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ မောင်းသူမဲ့ ကား ကုမ္ပဏီ ၆၅ ခုနဲ့ မောင်းသူမဲ့ ကား အစီးရေ ၆၇၀ ကျော်ကို အမေရိကန်မှာ စမ်းသပ်ဖို့ ခွင့်ပြုထားပါတယ်။ အားလုံးထဲမှာ Waymo ရဲ့ နည်းပညာက ရှေ့ကပြေးနေပြီး စတီယာရင်နောက်မှာ လိုက်ပါစောင့်ကြည့်သူ မပါဘဲ အများသုံးလမ်းတွေပေါ်မှာ စမ်းသပ်ခွင့်ရထားပါတယ်။

Ref : theverge

[Zawgyi]

အေသးစား ေမာင္းသူမဲ့ ကားေတြကို ကယ္လီဖိုးနီးယားမွာ ခြင့္ျပဳလိုက္ၿပီ

ကုန္ပစၥည္းေတြ သယ္ယူပို႔ေဆာင္ေပးတဲ့ အေသးစား ေမာင္းသူမဲ့ ကားေတြကို အမ်ားသံုးလမ္းေတြမွာ စီးပြားျဖစ္ သံုးစြဲတာကို ကယ္လီဖိုးနီးယားမွာ ခြင့္ျပဳေပးလုိက္ပါၿပီ။ ျပည္နယ္ရဲ႕ ေမာ္ေတာ္ကား အာဏာပိုင္ ဌာနက ဒီခြင့္ျပဳခ်က္ကို အဂၤါေန႔က ေၾကညာလိုက္တာ ျဖစ္ၿပီး အေလးခ်ိန္ ၁၀,၀၀၁ ေပါင္ေအာက္ပဲရွိတဲ့ ကားေတြကိုပဲ ခြင့္ျပဳမွာပါ။ အဲဒီအတြက္ Class 1 နဲ႔ 2 Trucks ကားေတြ ျဖစ္တဲ့ Minivans, Pickup Trucks, Utility Vans နဲ႔ Step Vans ေတြ အက်ံဳး၀င္ပါတယ္။

ေပါင္ ၁၀,၀၀၁ ထက္ ပိုတဲ့ Class 3 ကေန 8 အထိ ကားေတြ ျဖစ္တဲ့ Walk-In Delivery Trucks, Semi Trucks, Buses နဲ႔ Heavy-Duty Construction Vehicles ေတြကို ခြင့္မျပဳေသးပါဘူး။ ေမာင္းသူမဲ့ တကၠစီေတြထက္ ကုန္ပစၥည္းေတြ သယ္ယူပို႔ေဆာင္ေပးတဲ့ ေမာင္းသူမဲ့ ကားေတြကို ဖန္တီးေနတဲ့ ကုမၸဏီေတြအတြက္ သတင္းေကာင္း ျဖစ္ပါတယ္။

အရီဇိုးနားနဲ႔ တကၠဆက္စ္မွာ ေမာင္းသူမဲ့ ကားေတြနဲ႔ ကုန္ပစၥည္းေတြ သယ္ယူပို႔ေဆာင္တာကို စမ္းသပ္ေနတဲ့ Nuro က ကယ္လီဖိုးနီးယားမွာ သူ႔ရဲ႕ ကားေတြကို စတင္ စမ္းသပ္ဖို႔ အတြက္ လုပ္ငန္းလိုင္စင္ ေလွ်ာက္ထားေတာ့မယ္လို႔ ေျပာပါတယ္။ ကယ္လီဖိုးနီးယားဟာ ေမာင္းသူမဲ့ ကားေတြ စမ္းသပ္ဖို႔အတြက္ ေနရာေကာင္း ျဖစ္ပါတယ္။ အခု ဥပေဒ အသစ္ ေပၚေပါက္လာဖို႔အတြက္ အမ်ားသံုး လမ္းေတြမွာ သံုးႏိုင္မယ့္ ေမာင္းသူမဲ့ ကားေတြကို ဖန္တီးေနတဲ့ General Motors, Alphabet’s Waymo, နဲ႔ Uber တို႔လို ကုမၸဏီေတြဟာ ျပည္နယ္ အစိုးရနဲ႔ ပူးေပါင္းလုပ္ကိုင္ခဲ့တာ ျဖစ္ပါတယ္။

လက္ရွိမွာ ေမာင္းသူမဲ့ ကား ကုမၸဏီ ၆၅ ခုနဲ႔ ေမာင္းသူမဲ့ ကား အစီးေရ ၆၇၀ ေက်ာ္ကို အေမရိကန္မွာ စမ္းသပ္ဖို႔ ခြင့္ျပဳထားပါတယ္။ အားလံုးထဲမွာ Waymo ရဲ႕ နည္းပညာက ေရွ႕ကေျပးေနၿပီး စတီယာရင္ေနာက္မွာ လိုက္ပါေစာင့္ၾကည့္သူ မပါဘဲ အမ်ားသံုးလမ္းေတြေပၚမွာ စမ္းသပ္ခြင့္ရထားပါတယ္။

Ref : theverge