လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့ သမိုင်းမှာ အအောင်မြင်ဆုံး အားကစား သမား ဖြစ်ပြီး ဆုဖလားနဲ့ ဆုတံဆိပ်ပေါင်းများစွာကို ရထားပါတယ်။ သူဟာ နာမည်သိပ်မကြီးတဲ့ MLS လို League မှာ ကစားနေတာတောင် တစ်ကမ္ဘာလုံးက ဘောလုံးပရိတ်သတ်တွေကို စွဲဆောင်ထားနိုင်ပါတယ်။

အခုတော့ လီယွန်နယ် မက်ဆီနဲ့ Apple တို့ ပူးပေါင်းပြီး MLS ဘောလုံးပြိုင်ပွဲကို ၁ လ အခမဲ့ ကြည့်ရှုနိုင်တဲ့ အစီအစဉ်ကို ပြုလုပ်ပေးလိုက်ပါတယ်။

Apple ဟာ MLS ရိုက်ကူး ထုတ်လွှင့်ခွင့်ကို ပိုင်ဆိုင်ထားပါတယ်။ MLS ပြိုင်ပွဲကို ကြည့်ဖို့ ၁ လကို ၁၄.၉၉ ဒေါ်လာ သို့မဟုတ် ရာသီ ၁ ခုလုံးအတွက် ၉၉ ဒေါ်လာ ပေးသွင်းရပါတယ်။

ဒါပေမယ့် မက်ဆီရဲ့ အင်စတာဂရမ် အကောင့်မှ လင့်ကနေ Campaign Page ကို သွားပြီး ပထမဆုံး အကြိမ် Sign Up လုပ်ရင် MLS Season ကို ၁ လ အခမဲ့ ကြည့်နိုင်မှာပါ။ အဲဒီ အစီအစဉ်ကို ဧပြီလ ၅ ရက်နေ့အထိ ပါဝင်နိုင်ပါတယ်။

Lionel Messi joins the MLS, single-game ticket prices surge

MLS ထုတ်လွှင့်မှုဟာ လက်ရှိမှာ အင်္ဂလိပ်၊ စပိန်နဲ့ ပြင်သစ် ဘာသာစကားတွေကိုပဲ ထောက်ပံ့ထားပါတယ်။ ၁ လ အခမဲ့ ကြည့်ပြီးရင် Apple TV+ Subscriber တွေဟာ ၁ လကို ၁၂.၉၉ ဒေါ်လာ သို့မဟုတ် ရာသီ ၁ ခုအတွက် ၇၉ ဒေါ်လာ လျှော့ဈေးနဲ့ ရမှာပါ။

MLS ကို တစ်ကမ္ဘာလုံးမှာ ကြည့်ရှုနိုင်ပြီး ဈေးနှုန်းကို နိုင်ငံအလိုက် ခွဲခြား သတ်မှတ်ထားတာ မဟုတ်ပါဘူး။ အဲဒီအတွက် သင့်နိုင်ငံနဲ့ ငွေလဲနှုန်းအလိုက် ကျသင့်ငွေဟာ ကွာခြားနိုင်ပါတယ်။

Ref : gizmochina