[Zawgyi]

Apple ဟာ System-wide Dark Mode သစ္အျပင္ Swipe function နဲ႔အတူ ျပဳျပင္ထားတဲ့ Keyboard ေတြပါဝင္တဲ့ iOS 13 ကို မိတ္ဆက္ခဲ့ၿပီးေနာက္ ဒီ OS သစ္ကို အသုံးျပဳႏိုင္မယ့္ စမတ္ဖုန္းစာရင္းကိုလည္း ထုတ္ျပန္ေၾကညာေပးခဲ့ပါတယ္။

ၿပီးခဲ့တဲ့ iOS 12 ကို iOS 11 အသုံးျပဳထားတဲ့ Device ေတြအားလုံးက ရယူအသုံးျပဳႏိုင္ခဲ့တယ္ဆိုေပမယ့္ iOS 13 မွာေတာ့ iOS 12 အသုံးျပဳထားတဲ့ Device ေတြအားလုံး အသုံးျပဳႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ iPhone 6s နဲ႔ iPad Air 2 ေနာက္ပိုင္း Device ေတြကသာ Beta Update ကို စတင္ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

iOS 13 Stable ကေတာ့ လာမယ့္ iPhone 11 နဲ႔အတူ လာမယ့္စက္တင္ဘာလမွပဲ ထြက္လာမယ္လို႔ သိရပါတယ္။ လက္ရွိ iOS 13 ကို မရရွိဘဲ က်န္ခဲ့တဲ့ iPhone ေတြကေတာ့ iPhone 5S, iPhone 6, iPhone 6 Plus နဲ႔ iPod Touch ဆဌမမ်ိဳးဆက္တို႔ပဲ ျဖစ္ၾကပါတယ္။

iPhone XS, iPhone XS Max, iPhone XR, iPhone X, iPhone 8, iPhone 8 Plus, iPhone 7, iPhone 7 Plus, iPhone 6S, iPhone 6S Plus, iPhone SE နဲ႔ iPod Touch (seventh generation) တို႔ကေတာ့ iOS 13 Beta ကို စတင္ရရွိၾကမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ iPadOS ရရွိမယ့္ Device ေတြကိုလည္း Apple က ထုတ္ျပန္ေၾကညာခဲ့ပါေသးတယ္။

iPad Pro 12.9 (2018), iPad Pro 12.9 (2017), iPad Pro 12.9 (2015), iPad Pro 11, iPad Pro 10.5, iPad Pro 9.7, iPad 9.7 (2018), iPad 9.7 (2017), iPad Air, iPad Air 2, iPad mini 2019 နဲ႔ iPad mini 4 တို႔ကေတာ့ iPad ေတြအတြက္ သီးသန႔္ OS အျဖစ္ အသစ္ထုတ္လႊတ္ေပးလိုက္တဲ့ iPadOS ကို ရယူသုံးစြဲႏိုင္ၾကမွာ ျဖစ္ပါတယ္။

iPadOS ကို မရရွိတဲ့ Device ေတြကေတာ့ iPad Air နဲ႔ iPad mini 2 တို႔ပဲ ျဖစ္ပါတယ္။ ဒီ Device ေတြက ၿပီးခဲ့တဲ့ႏွစ္တုန္းက iOS 12 ကို ရရွိခဲ့ၾကေပမယ့္ iPadOS မွာေတာ့ က်န္ခဲ့တာ ျဖစ္ပါတယ္။ WatchOS 6 ကိုလည္း Apple Watch Series 1,2,3,4 Model ေတြအားလုံးမွာ ရရွိမွာျဖစ္ေပမယ့္ လုပ္ေဆာင္ခ်က္ေတြအကုန္လုံးကေတာ့ တစ္ေျပးညီရရွိမွာ မဟုတ္ဘူးလို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

iOS 13 နဲ့ iPadOS ရရှိနိုင်တဲ့ Devices တွေကို Apple ကြေညာ

Apple ဟာ System-wide Dark Mode သစ်အပြင် Swipe function နဲ့အတူ ပြုပြင်ထားတဲ့ Keyboard တွေပါဝင်တဲ့ iOS 13 ကို မိတ်ဆက်ခဲ့ပြီးနောက် ဒီ OS သစ်ကို အသုံးပြုနိုင်မယ့် စမတ်ဖုန်းစာရင်းကိုလည်း ထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ iOS 12 ကို iOS 11 အသုံးပြုထားတဲ့ Device တွေအားလုံးက ရယူအသုံးပြုနိုင်ခဲ့တယ်ဆိုပေမယ့် iOS 13 မှာတော့ iOS 12 အသုံးပြုထားတဲ့ Device တွေအားလုံး အသုံးပြုနိုင်တော့မှာ မဟုတ်ပါဘူး။ iPhone 6s နဲ့ iPad Air 2 နောက်ပိုင်း Device တွေကသာ Beta Update ကို စတင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

iOS 13 Stable ကတော့ လာမယ့် iPhone 11 နဲ့အတူ လာမယ့်စက်တင်ဘာလမှပဲ ထွက်လာမယ်လို့ သိရပါတယ်။ လက်ရှိ iOS 13 ကို မရရှိဘဲ ကျန်ခဲ့တဲ့ iPhone တွေကတော့ iPhone 5S, iPhone 6, iPhone 6 Plus နဲ့ iPod Touch ဆဌမမျိုးဆက်တို့ပဲ ဖြစ်ကြပါတယ်။

iPhone XS, iPhone XS Max, iPhone XR, iPhone X, iPhone 8, iPhone 8 Plus, iPhone 7, iPhone 7 Plus, iPhone 6S, iPhone 6S Plus, iPhone SE နဲ့ iPod Touch (seventh generation) တို့ကတော့ iOS 13 Beta ကို စတင်ရရှိကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် iPadOS ရရှိမယ့် Device တွေကိုလည်း Apple က ထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။

iPad Pro 12.9 (2018), iPad Pro 12.9 (2017), iPad Pro 12.9 (2015), iPad Pro 11, iPad Pro 10.5, iPad Pro 9.7, iPad 9.7 (2018), iPad 9.7 (2017), iPad Air, iPad Air 2, iPad mini 2019 နဲ့ iPad mini 4 တို့ကတော့ iPad တွေအတွက် သီးသန့် OS အဖြစ် အသစ်ထုတ်လွှတ်ပေးလိုက်တဲ့ iPadOS ကို ရယူသုံးစွဲနိုင်ကြမှာ ဖြစ်ပါတယ်။

iPadOS ကို မရရှိတဲ့ Device တွေကတော့ iPad Air နဲ့ iPad mini 2 တို့ပဲ ဖြစ်ပါတယ်။ ဒီ Device တွေက ပြီးခဲ့တဲ့နှစ်တုန်းက iOS 12 ကို ရရှိခဲ့ကြပေမယ့် iPadOS မှာတော့ ကျန်ခဲ့တာ ဖြစ်ပါတယ်။ WatchOS 6 ကိုလည်း Apple Watch Series 1,2,3,4 Model တွေအားလုံးမှာ ရရှိမှာဖြစ်ပေမယ့် လုပ်ဆောင်ချက်တွေအကုန်လုံးကတော့ တစ်ပြေးညီရရှိမှာ မဟုတ်ဘူးလို့ သိရပါတယ်။

Ref: GSMArena