Vivo ဟာ Device ၁၁ လုံးအတွက် OriginOS Open Beta Version ကို ဒီလ အစောပိုင်းက ဖြန့်ချိပေးခဲ့ပြီး အခုတော့ Public Beta ရမယ့် ဒုတိယ အသုတ် Device စာရင်းကို ကြေညာလိုက်ပါတယ်။ တရားဝင် OriginOS Weibo အကောင့်မှာ ဒီလ ၂၅ ရက်နေ့ ကနေ ၂၇ ရက်နေ့အတွင်း စာရင်းပေးသွင်းနိုင်ပြီး ဒီလ ၂၈ ရက်နေ့မှာ စတင် ဖြန့်ချိပေးမယ်လို့ ကြေညာထားပါတယ်။ ရမယ့် Device စာရင်းကို အောက်မှာ လေ့လာနိုင်ပါတယ်။

OriginOS open beta 2nd batch

Vivo Nex 3

Vivo Nex 3 5G

iQOO Neo

Vivo X30

Vivo X30 Pro

iQOO Neo 855 Racing

Vivo reveals OriginOS: Features, availability, and all you need to know

Update မှာ User Interface အသစ်နဲ့ Android 11 လုပ်ဆောင်ချက်တွေ ပါလာမှာပါ။ OriginOS ဟာ ဒီဇိုင်းအပိုင်းမှာ Vivo ရဲ့ အရင် Operating System တွေနဲ့ လုံးဝ ကွဲပြားသွားပါတယ်။ လေယာဉ် ခရီးစဉ်တွေလို သတင်းအချက်အလက် အသေးစိတ်ကို ပြသပေးတဲ့ Nano Alerts လို့ခေါ်တဲ့ အရွယ်သေး Pop-up Widgets တွေ ထည့်သွင်းထားပြီး Nano Alerts ကို Homescreen သာမကဘဲ Always-on Display မှာပါ ပြသပေးနိုင်ပါတယ်။

Operating System အသစ်မှာ Memory နဲ့ App Optimizations , ဥာဏ်ရည်မြင့် App Freezing နဲ့ ပိုမြန်အောင် App တွေကို Preloading လုပ်ပေးတဲ့ လုပ်ဆောင်ချက်တွေ ပါလာပါတယ်။ Vivo ဟာ နိုင်ငံတကာဈေးကွက်အတွက် OriginOS ကို မကြေညာရသေးပါဘူး။ နိုင်ငံတကာမှာ ရောင်းနေတဲ့ ဖုန်း အသစ်တွေမှာ Android 11 အခြေပြု Funtouch OS 11 မောင်းနှင်ထားပါတယ်။ OriginOS Stable Update ထွက်လာပြီးနောက်မှ နိုင်ငံတကာမှာ ဖြန့်ချိမှာပါ။

Ref : gizmochina