Xiaomi ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက လူအတော်များများ စောင့်ဆိုင်းနေကြတဲ့ Xiaomi 12S Ultra ပရီမီယံဖုန်းကို ဖြန့်ချိလိုက်ပါတယ်။ Xiaomi 12S Ultra ရဲ့ အဓိက အားသာချက်အဖြစ် လူသိများကြတာက 1-inch sensor နဲ့ Lica ကင်မရာစနစ်ပါပဲ။

Faux leather နဲ့ ဒီဇိုင်းပိုင်း ပြန်မွမ်းမံထားတဲ့ Xiaomi 12S Ultra ဟာ အများစုမျှော်လင့်ထားတဲ့အတိုင်း ထိပ်တန်း Android စမတ်ဖုန်းတစ်လုံးမှာရှိသင့်တဲ့ Feature တွေ ရှိနေပါတယ်။ ဒါပေမဲ့လည်း တချို့အချက်တွေကတော့ မသိမသာလေး ဝိတ်လျှော့ထားတယ်လို့ ခံစားရစေပါတယ်။ ပြောစရာဖြစ်နေတဲ့ ဒီအချက်တွေကို Gizmochina က ဖော်ပြပေးထားတာလည်း ဖြစ်ပါတယ်။

USB 3.0 မဟုတ်သေးတဲ့ Flagship
၂၀၂၂ ခုနှစ်ဖြစ်ပေမဲ့ Xiaomi ဟာ 12S Ultra မှာ USB 2.0 ကိုပဲ ဆက်ပြီးသုံးနေသေးတာက ပြောစရာဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ မေလကသတင်းတစ်ခုမှာ Xiaomi အနေနဲ့ USB 3.0 ကိုပြောင်းနိုင်တယ်လို့ အရိပ်အမြွက်ဖော်ပြခဲ့ဖူးတာကြောင့် Mi 11 Ultra ရဲ့ ဆက်ခံသူမှာ ဒီအပြောင်းအလဲကိုမြင်ရနိုင်တယ်လို့ မျှော်လင့်ထားကြတာပါ။

USB Standard ဟောင်းကြောင့် နောက်ဆုံးပေါ် ပရီမီယံဟန်းဆက်ဟာ Data transmission rate မှာတော့ နှေးကွေးနေပါလိမ့်မယ်။ USB Type-C မှာ DP Alt (DisplayPort Alternate) mode မရှိတာကြောင့် Video output support လည်း မရှိပါဘူး။

Low PWM frequency နဲ့ Display
Xiaomi 12S Ultra ရဲ့ Display ဟာ PWM (Pulse Width Modulation) ကြိမ်နှုန်းနိမ့်ပါတယ်။ ဒါကြောင့် ဖုန်းမျက်နှာပြင်ရဲ့ နိမ့်တဲ့ Brightness levels ဟာ flickering ဖြစ်တာကြောင့် အသုံးပြုသူအချို့အတွက် စိတ်မသက်မသာဖြစ်စေနိုင်ပါတယ်။ DC dimming ဟာ PWM ကြိမ်နှုန်းနိမ့်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ flickering လျော့ပါးစေဖို့ အဖြေတစ်ခုပါ။ Xiaomi 12S Ultra မှာတော့ သိသာတဲ့ ကွာခြားမှုမရှိတာကြောင့် ကုမ္ပဏီဟာ ဒီ Feature ကို Developer option အောက်မှာ ဖုံးကွယ်ထားပါသေးတယ်။

In-box charger
Xiaomi 12S Ultra ကို 67W fast charger နဲ့ ရောင်းချတာပါ။ Mi 11 Ultra မှာလည်း 67W fast charging ထောက်ပံ့တယ်ဆိုပေမဲ့ 5,000mAh Li-Po ဘက်ထရီကို ၃၆ မိနစ်နဲ့ ၁၀၀% အားအပြည့်သွင်းနိုင်ခဲ့ကြောင်း ကြော်ငြာခဲ့တာပါ။ Xiaomi 12S Ultra မှာတော့  ဘက်ထရီပိုနည်းသွားပေမယ့် ၄၁ မိနစ်နဲ့ ၁၀၀% အားအပြည့်သွင်းနိုင်တယ်လို့ ကြော်ငြာပြန်ပါတယ်။ ဒါကလည်း ပြောစရာတစ်ချက်လို ဖြစ်ခဲ့ရပြန်ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကတော့ Xiaomi ဟာ တရုတ်ပြည်တွင်းဈေးကွက်မှာ Charger တွေမပါဘဲနဲ့ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ အခု Xiaomi 12S Ultra ကတော့ ဘူးထဲမှာ အရင် 67W charger တွေနဲ့ယှဉ်ရင် အနည်းငယ်သေးတဲ့ Charger ထည့်သွင်းလာတာလည်း ဖြစ်ပါတယ်။

Device color
အရောင်ပိုင်းဆိုင်ရာမှာ ပြောစရာဖြစ်တာက တရားဝင် Renders တွေမှာတွေ့မြင်ရတဲ့ အရောင်နဲ့ အပြင်မှာ တကယ်တွေ့ရတဲ့အရောင် ကွာခြားမှုရှိနေတာပါ။ Gizmochina ကတော့ သူတို့လက်ထဲမှာရှိနေတဲ့ Xiaomi 12S Ultra ရဲ့ အစိမ်းရင့်ရောင်ဟာ Renders တွေမှာတွေ့ရတာထက် ပိုဖျော့တယ်လို့ ဆိုပါတယ်။ ဒါကတော့ Renders နဲ့ တကယ်ထုတ်ကုန်အစစ်အမှန်ကြားက အရောင်ကွာခြားမှုဖြစ်ပြီး အထူးအဆန်းတော့မဟုတ်ပါဘူး။ ဖြစ်လေ့ဖြစ်ထရှိပါတယ်။

Ref: Gizmo China