Apple ရဲ့ iPhone တွေမှာပါဝင်တဲ့ Find My iPhone Feature ဟာ တကယ်တမ်းဖုန်းပျောက်သွားတဲ့အချိန်မှာ အသုံးဝင်တယ်လို့ ပြောနိုင်ပါတယ်။ Android အနေနဲ့လည်း Find My Device Feature ကို ဆောင်ရွက်နေတယ်ဆိုပေမယ့် Apple iPhone တွေလောက်တော့ မလုံခြုံဘူးလို့ ပြောရမှာပါ။

ဒါပေမယ့်လည်း အခုအချိန်မှာ Samsung ကနေ အဆိုပါ Find My Device Feature ကို အဆင့်မြှင့်တင်မှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါကတော့ ပျောက်သွားတဲ့ဖုန်းက Internet Connection မရှိဘဲ Offline ဖြစ်နေရင်တောင်မှ ပြန်လည်ရှာဖွေနိုင်အောင် Update ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါ Feature ကိုတော့ XDA Developers က Max Weinbach ကနေ အရင်ဆုံးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ လောလောဆယ်မှာ ဒီလိုမျိုး Offline ရှာဖွေနိုင်တာက Samsung စမတ်ဖုန်းတွေမှာပဲ ပါဝင်ဦးမှာဖြစ်ပြီး Samsung ရဲ့ ပြောကြားချက်အရတော့ ပျောက်ဆုံးသွားတဲ့ဖုန်းကို တခြားသော အနီးအနားမှာရှိတဲ့ Galaxy ဖုန်းတွေကို အသုံးပြုပြီး ရှာဖွေပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ စမတ်ဖုန်းတွေတင်မဟုတ်ဘဲ Smartwatch နဲ့ Earbuds တွေကိုလည်း အခုလိုမျိုး နောက်ဆုံးချိတ်ဆက်ခဲ့တဲ့ Device တွေကို အသုံးပြုပြီး ရှာဖွေနိုင်မှာဖြစ်ပါတယ်။

ဒါက Android ဖုန်းတွေအတွက်တော့ ပထမဆုံးဖြစ်တယ်ဆိုပေမယ့် Apple ကနေ iPhone အသုံးပြုသူတွေအတွက် iOS 13 Update မှာ အလားတူ Feature ကို ထည့်သွင်းခဲ့ပါသေးတယ်။ အဆိုပါ Feature ကိုတော့ Settings – Find My ကနေ Enable Offline Finding ကို Enable ပြုလုပ်ပေးဖို့ လိုအပ်မှာပါ။ အဆိုပါ Feature မှာဆိုရင် တကယ်လို့ Battery ကုန်သွားတဲ့အချိန်မှာ နောက်ဆုံးရှိနေတဲ့ တည်နေရာကိုပါ Apple ဆီကိုပေးပို့ထားနိုင်ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Samsung ဖုန်းတွေ ပျောက်ဆုံးခဲ့ရင် Offline ကနေလည်း ရှာဖွေနိုင်တာကတော့ တခြားသော Android ဖုန်းတွေနဲ့ ယှဥ်မယ်ဆိုရင် အားသာချက်တစ်ခုဖြစ်လာမှာပါ။

Ref – Phone Arena