[Zawgyi]

Apple ဟာ သူ႔ရဲ႕ FaceTime feature မွာ လုံၿခဳံေရး ေပါက္ၾကားမႈကို ျဖစ္ေပၚေစတဲ့ ျဖစ္ရပ္ကိုေတြ႕ရွိခဲ့ရတာေၾကာင့္ လတ္တေလာအခ်ိန္မွာ Group FaceTime ကို Offline လုပ္ထားဖို႔ ေျပာလိုက္ရပါတယ္။ တစ္ဆက္တည္းမွာပဲ ဒီျပႆနာကို လာမယ့္တစ္ပါတ္အတြင္းေျဖရွင္းေပးမယ္လို႔လည္း ထုတ္ျပန္ေၾကညာသြားခဲ့ပါေသးတယ္။

Group FaceTime မွာ ျဖစ္ေပၚလာတဲ့ ျပႆနာကေတာ့ တစ္ဘက္က ဖုန္းေခၚဆိုလိုက္ခ်ိန္မွာ အသုံးျပသူက ေကာက္မကိုင္မီမွာပဲ ေခၚဆိုေနတဲ့ တစ္ဘက္လူက အသံေတြကိုၾကားေနရတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ဆီဖုန္းဝင္လာေပမယ့္ အေၾကာင္းတစ္ခုခုေၾကာင့္ မကိုင္ေသးေပမယ့္ ကိုယ့္ဘက္က အသံေတြကို တစ္ဘက္က ၾကားေနရမွာပါ။

FaceTime ကို တစ္ဦးခ်င္းစီေခၚယူရင္ေတာ့ ဒီ Bug က အလုပ္မလုပ္ဘူးလို႔လည္း သိရပါတယ္။ ပထမဆုံးအေနနဲ႔ FaceTime Contact တစ္ခုကို ေခၚဆိုၿပီး Group ဖန္တီးလိုက္မွ ေပါက္ၾကားမႈစတာလို႔လည္း ဆိုပါတယ္။ Group FaceTime လုပ္ၿပီး ကိုယ့္ကိုကိုယ္ Group ထဲထည့္၊ ၿပီးေတာ့မွ ေနာက္တစ္ေယာက္ကိုေခၚတဲ့အခ်ိန္မွာ ဒုတိယတစ္ေယာက္က ဖုန္းမကိုင္ခင္ အခုလို အသံႀကိဳၿပီးၾကားရတာ ျဖစ္ပါတယ္။

ဒီျပႆနာကို Apple ကလည္း ေျဖရွင္းေပးမယ္ဆိုေပမယ့္ ၾကားကာလအတြင္းမွာေတာ့ အသုံးျပဳသူလုံၿခဳံေရးအတြက္ FaceTime ကို အသုံးမျပဳသင့္ဘူးလို႔ နည္းပညာဆိုင္ရာ သတင္းမီဒီယာအေတာ္မ်ားမ်ားက သတိေပးလႈံ႕ေဆာ္ထားပါတယ္။ အသုံးျပဳသူရဲ႕ လုံၿခဳံေရးကို အေလးထားတဲ့ ႏိုင္ငံႀကီးေတြၾကားထဲမွာ Apple အတြက္ကေတာ့ မဟာအရွက္ေတာ္ ကြဲခန္းႀကီးတစ္ခု ထပ္ၿပီးႀကဳံရတာပါပဲ။

Ref: 9To5Mac

[Unicode]

Group FaceTime မှာ လုံခြုံရေး ပေါက်ကြားမှုကြီး တွေ့ရှိရလို့ မသုံးကြသေးဖို့ ပြောလိုက်ရတဲ့ Apple

Apple ဟာ သူ့ရဲ့ FaceTime feature မှာ လုံခြုံရေး ပေါက်ကြားမှုကို ဖြစ်ပေါ်စေတဲ့ ဖြစ်ရပ်ကိုတွေ့ရှိခဲ့ရတာကြောင့် လတ်တလောအချိန်မှာ Group FaceTime ကို Offline လုပ်ထားဖို့ ပြောလိုက်ရပါတယ်။ တစ်ဆက်တည်းမှာပဲ ဒီပြဿနာကို လာမယ့်တစ်ပါတ်အတွင်းဖြေရှင်းပေးမယ်လို့လည်း ထုတ်ပြန်ကြေညာသွားခဲ့ပါသေးတယ်။

Group FaceTime မှာ ဖြစ်ပေါ်လာတဲ့ ပြဿနာကတော့ တစ်ဘက်က ဖုန်းခေါ်ဆိုလိုက်ချိန်မှာ အသုံးပြသူက ကောက်မကိုင်မီမှာပဲ ခေါ်ဆိုနေတဲ့ တစ်ဘက်လူက အသံတွေကိုကြားနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ဆီဖုန်းဝင်လာပေမယ့် အကြောင်းတစ်ခုခုကြောင့် မကိုင်သေးပေမယ့် ကိုယ့်ဘက်က အသံတွေကို တစ်ဘက်က ကြားနေရမှာပါ။

FaceTime ကို တစ်ဦးချင်းစီခေါ်ယူရင်တော့ ဒီ Bug က အလုပ်မလုပ်ဘူးလို့လည်း သိရပါတယ်။ ပထမဆုံးအနေနဲ့ FaceTime Contact တစ်ခုကို ခေါ်ဆိုပြီး Group ဖန်တီးလိုက်မှ ပေါက်ကြားမှုစတာလို့လည်း ဆိုပါတယ်။ Group FaceTime လုပ်ပြီး ကိုယ့်ကိုကိုယ် Group ထဲထည့်၊ ပြီးတော့မှ နောက်တစ်ယောက်ကိုခေါ်တဲ့အချိန်မှာ ဒုတိယတစ်ယောက်က ဖုန်းမကိုင်ခင် အခုလို အသံကြိုပြီးကြားရတာ ဖြစ်ပါတယ်။

ဒီပြဿနာကို Apple ကလည်း ဖြေရှင်းပေးမယ်ဆိုပေမယ့် ကြားကာလအတွင်းမှာတော့ အသုံးပြုသူလုံခြုံရေးအတွက် FaceTime ကို အသုံးမပြုသင့်ဘူးလို့ နည်းပညာဆိုင်ရာ သတင်းမီဒီယာအတော်များများက သတိပေးလှုံ့ဆော်ထားပါတယ်။ အသုံးပြုသူရဲ့ လုံခြုံရေးကို အလေးထားတဲ့ နိုင်ငံကြီးတွေကြားထဲမှာ Apple အတွက်ကတော့ မဟာအရှက်တော် ကွဲခန်းကြီးတစ်ခု ထပ်ပြီးကြုံရတာပါပဲ။

Ref: 9To5Mac