[Zawgyi]

“Make Google do it” ဆိုတဲ့ ေဆာင္ပုဒ္ဟာ Google Assistant ကို ေၾကာ္ျငာတဲ့အေနနဲ႔ ေဘလ္ဘုတ္မွာ အသုံးျပဳဖို႔ လြန္ခဲ့တဲ့ႏွစ္ကတည္းက ထြက္ေပၚခဲ့တာ ျဖစ္ပါတယ္။ အလားတူပဲ ေၾကာ္ျငာေတြမွာလည္း ဒီေဆာင္ပုဒ္ကို အသုံးျပဳဖို႔ ျဖစ္ခဲ့ပါတယ္။ အခုေတာ့ Google Assistant မွာ အသုံးျပဳလာေတာ့မွာ ျဖစ္ပါတယ္။

“Make Google do it” လို႔ေျပာလိုက္တာနဲ႔ Nike ရဲ႕ ေဆာင္ပုဒ္ျဖစ္တဲ့ “Just do it” ကို သတိရၾကမယ္ ထင္ပါတယ္။ မတူညီေပမယ့္ ခပ္ဆင္ဆင္လို႔ ေျပာႏိုင္ပါတယ္။ ဒီလိုမ်ိဳး အဓိပၸါယ္နဲ႔ စာသားေတြ၊ ေဆာင္ပုဒ္ေတြက အမ်ားႀကီးရွိေပမယ့္ Google ကေတာ့ ဒါကိုပဲ ေ႐ြးခ်ယ္လိုက္တာပါ။

တကယ္ေတာ့ “Make Google” ရဲ႕ေနာက္မွာ Do it တစ္ခုတည္း ရွိတာ မဟုတ္ပါဘူး။ Show it, Text it, Play it, Skip it, Dial it စသျဖင့္ အမ်ားႀကီးရွိေနပါေသးတယ္။ ဒါကို Assistant homepage မွာ သုံးႏႈန္းထားတာေတြလည္း ေတြ႕ႏိုင္ပါတယ္။ အဲဒီမွာ သဟဇာတျဖစ္မယ့္ Device ေတြနဲ႔ အေသးစိတ္လုပ္ေဆာင္ခ်က္ေတြကိုလည္း ေဖာ္ျပထားပါေသးတယ္။

ဒါေပမယ့္လည္း Google Assistant ကို ပိုၿပီးလူသိမ်ားလာေအာင္၊ သုံးစြဲလာေအာင္၊ မွတ္မိလာေအာင္ အမွတ္တံဆိပ္တစ္ခုအေနနဲ႔ ခ်ဲ႕ထြင္လာတဲ့အခါမွာေတာ့ “Make Google” အေနနဲ႔က ရင္းႏွီးလြယ္ၿပီး မွတ္မိလြယ္ေနတာလည္း ျဖစ္ပါတယ္။ Sony လည္း တစ္ခ်ိန္တုန္းက Make.Believe ဆိုတဲ့ ေဆာင္ပုဒ္ကို သုံးခဲ့ဖူးပါေသးတယ္။

အခုေတာ့ Android ေတြက Assistant မွာ “Make Google do it” အျဖစ္ ေပၚလာတာကို ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။ အခုထိ ရွင္းရွင္းလင္းလင္းမသိရေသးတာကေတာ့ ဗားရွင္းဘယ္ႏွမ်ိဳးရွိေနတယ္ဆိုတာရယ္၊ ဘယ္အခ်ိန္မွာ က်ယ္က်ယ္ျပန႔္ျပန႔္ ျဖန႔္ခ်ိမယ္ဆိုတာရယ္ကိုပါ။

Ref: 9To5Google

[Unicode]

Android Google Assistant တွေမှာ “Make Google do it” ဆိုတဲ့ဆောင်ပုဒ်ကို တွေ့မြင်ရတော့မယ်လို့ သတင်းထွက်ပေါ်လာ

“Make Google do it” ဆိုတဲ့ ဆောင်ပုဒ်ဟာ Google Assistant ကို ကြော်ငြာတဲ့အနေနဲ့ ဘေလ်ဘုတ်မှာ အသုံးပြုဖို့ လွန်ခဲ့တဲ့နှစ်ကတည်းက ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အလားတူပဲ ကြော်ငြာတွေမှာလည်း ဒီဆောင်ပုဒ်ကို အသုံးပြုဖို့ ဖြစ်ခဲ့ပါတယ်။ အခုတော့ Google Assistant မှာ အသုံးပြုလာတော့မှာ ဖြစ်ပါတယ်။

“Make Google do it” လို့ပြောလိုက်တာနဲ့ Nike ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “Just do it” ကို သတိရကြမယ် ထင်ပါတယ်။ မတူညီပေမယ့် ခပ်ဆင်ဆင်လို့ ပြောနိုင်ပါတယ်။ ဒီလိုမျိုး အဓိပ္ပါယ်နဲ့ စာသားတွေ၊ ဆောင်ပုဒ်တွေက အများကြီးရှိပေမယ့် Google ကတော့ ဒါကိုပဲ ရွေးချယ်လိုက်တာပါ။

တကယ်တော့ “Make Google” ရဲ့နောက်မှာ Do it တစ်ခုတည်း ရှိတာ မဟုတ်ပါဘူး။ Show it, Text it, Play it, Skip it, Dial it စသဖြင့် အများကြီးရှိနေပါသေးတယ်။ ဒါကို Assistant homepage မှာ သုံးနှုန်းထားတာတွေလည်း တွေ့နိုင်ပါတယ်။ အဲဒီမှာ သဟဇာတဖြစ်မယ့် Device တွေနဲ့ အသေးစိတ်လုပ်ဆောင်ချက်တွေကိုလည်း ဖော်ပြထားပါသေးတယ်။

ဒါပေမယ့်လည်း Google Assistant ကို ပိုပြီးလူသိများလာအောင်၊ သုံးစွဲလာအောင်၊ မှတ်မိလာအောင် အမှတ်တံဆိပ်တစ်ခုအနေနဲ့ ချဲ့ထွင်လာတဲ့အခါမှာတော့ “Make Google” အနေနဲ့က ရင်းနှီးလွယ်ပြီး မှတ်မိလွယ်နေတာလည်း ဖြစ်ပါတယ်။ Sony လည်း တစ်ချိန်တုန်းက Make.Believe ဆိုတဲ့ ဆောင်ပုဒ်ကို သုံးခဲ့ဖူးပါသေးတယ်။

အခုတော့ Android တွေက Assistant မှာ “Make Google do it” အဖြစ် ပေါ်လာတာကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ အခုထိ ရှင်းရှင်းလင်းလင်းမသိရသေးတာကတော့ ဗားရှင်းဘယ်နှမျိုးရှိနေတယ်ဆိုတာရယ်၊ ဘယ်အချိန်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိမယ်ဆိုတာရယ်ကိုပါ။

Ref: 9To5Google