[Zawgyi]

Google Drive မွာ Android ဖုန္းက Data ေတြကို Backup လုပ္လို႔ရတယ္ဆိုတာေတာ့ အားလုံးသိၾကမွာပါ။ ဖုန္းကို အားသြင္းထားရင္း ဝိုင္ဖိုင္လည္း ဖြင့္ထားမယ္ဆိုရင္ အလိုေလ်ာက္ Backup လုပ္ေလ့ရွိပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ Auto backup အစား ကိုယ္တိုင္ စိတ္ႀကိဳက္လုပ္ႏိုင္မယ့္ Manual backup ကို ထည့္သြင္းေပးလိုက္ၿပီလို႔ သိရပါတယ္။

ဒီ Backup ေတြမွာ Tab ေတြေတာ့ ခြဲထားပါတယ္။ ဖုန္းတြင္းေဒတာေတြျဖစ္တဲ့ Text messages, app data, contacts စတာေတြအျပင္ ဖုန္းေခၚထားတဲ့ မွတ္တမ္းေဟာင္းေတြကိုလည္း Backup လုပ္ေပးႏိုင္ပါတယ္။ ဒီလိုမ်ိဳး Android ေတြမွာ ကိုယ္တိုင္ Backup လုပ္လို႔ရမယ့္ Feature မ်ိဳးကို ထည့္သြင္းေပးမယ္လို႔ သတင္းထြက္ခဲ့တာ ၿပီးခဲ့တဲ့ ၾသဂုတ္လကတည္းကပါ။ ဒါေပမယ့္ အခုတစ္ႀကိမ္မတိုင္မီ ၾကားထဲက ကာလေတြမွာ ထူးျခားမႈအရိပ္အေယာင္ တစ္ခုတစ္ေလေတာင္ မေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

ဒီ Manual backup ဟာ Android တိုင္းမွာ ရလား၊ မရဘူးလားဆိုတာေတာ့ အတိအက်မသိႏိုင္ေသးပါဘူး။ သတင္းရဲ႕ မူလရင္းျမစ္ျဖစ္တဲ့ 9to5google ကေတာ့ Device အေတာ္မ်ားမ်ားမွာ သုံးလို႔ရလိမ့္မယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါေပမယ့္ ၾသဂုတ္လတုန္းက Google ကေၾကညာခဲ့တဲ့ သတင္းကို ျပန္ၾကည့္မယ္ဆိုရင္ ဒီအေၾကာင္းကို Future Version of Android ဆိုၿပီး ေျပာဆိုထားတာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ လက္ရွိအခ်ိန္မွာ Android အကုန္မဟုတ္ရင္ေတာင္ အေတာ္မ်ားမ်ားေတာ့ ရေနၿပီလို႔ ယူဆရမွာပါ။ မရေသးတဲ့ Android ေတြအတြက္လည္း အခ်ိန္အတိုင္းအတာ တစ္ခုအတြင္းမွာ ေထာက္ပံ့သြားဖြယ္ ရွိပါတယ္။

အကယ္၍ စာဖတ္သူ အသုံးျပဳေနတဲ့ Android မွာ ဒီ Feature မရေသးဘူးဆိုရင္ Google Play ကိုသြားၿပီး Update လုပ္ၾကည့္ႏိုင္ပါတယ္။ အကယ္၍ Play Store က သင့္ Device အတြက္ Update ကို ေထာက္ပံ့ေပးလိုက္ၿပီဆိုရင္ေတာ့ Back up to Google Drive ဆိုတဲ့ စာတန္းေအာက္မွာ Back up now ဆိုတဲ့ Box ေလးနဲ႔အတူ ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

Ref: GSMarena

 

[Unicode]

Google Drive မှာ Android ဖုန်းက Data တွေကို Backup လုပ်လို့ရတယ်ဆိုတာတော့ အားလုံးသိကြမှာပါ။ ဖုန်းကို အားသွင်းထားရင်း ဝိုင်ဖိုင်လည်း ဖွင့်ထားမယ်ဆိုရင် အလိုလျောက် Backup လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Auto backup အစား ကိုယ်တိုင် စိတ်ကြိုက်လုပ်နိုင်မယ့် Manual backup ကို ထည့်သွင်းပေးလိုက်ပြီလို့ သိရပါတယ်။

ဒီ Backup တွေမှာ Tab တွေတော့ ခွဲထားပါတယ်။ ဖုန်းတွင်းဒေတာတွေဖြစ်တဲ့ Text messages, app data, contacts စတာတွေအပြင် ဖုန်းခေါ်ထားတဲ့ မှတ်တမ်းဟောင်းတွေကိုလည်း Backup လုပ်ပေးနိုင်ပါတယ်။ ဒီလိုမျိုး Android တွေမှာ ကိုယ်တိုင် Backup လုပ်လို့ရမယ့် Feature မျိုးကို ထည့်သွင်းပေးမယ်လို့ သတင်းထွက်ခဲ့တာ ပြီးခဲ့တဲ့ သြဂုတ်လကတည်းကပါ။ ဒါပေမယ့် အခုတစ်ကြိမ်မတိုင်မီ ကြားထဲက ကာလတွေမှာ ထူးခြားမှုအရိပ်အယောင် တစ်ခုတစ်လေတောင် မတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဒီ Manual backup ဟာ Android တိုင်းမှာ ရလား၊ မရဘူးလားဆိုတာတော့ အတိအကျမသိနိုင်သေးပါဘူး။ သတင်းရဲ့ မူလရင်းမြစ်ဖြစ်တဲ့ 9to5google ကတော့ Device အတော်များများမှာ သုံးလို့ရလိမ့်မယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် သြဂုတ်လတုန်းက Google ကကြေညာခဲ့တဲ့ သတင်းကို ပြန်ကြည့်မယ်ဆိုရင် ဒီအကြောင်းကို Future Version of Android ဆိုပြီး ပြောဆိုထားတာကို တွေ့ရပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ Android အကုန်မဟုတ်ရင်တောင် အတော်များများတော့ ရနေပြီလို့ ယူဆရမှာပါ။ မရသေးတဲ့ Android တွေအတွက်လည်း အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ ထောက်ပံ့သွားဖွယ် ရှိပါတယ်။

အကယ်၍ စာဖတ်သူ အသုံးပြုနေတဲ့ Android မှာ ဒီ Feature မရသေးဘူးဆိုရင် Google Play ကိုသွားပြီး Update လုပ်ကြည့်နိုင်ပါတယ်။ အကယ်၍ Play Store က သင့် Device အတွက် Update ကို ထောက်ပံ့ပေးလိုက်ပြီဆိုရင်တော့ Back up to Google Drive ဆိုတဲ့ စာတန်းအောက်မှာ Back up now ဆိုတဲ့ Box လေးနဲ့အတူ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Ref: GSMarena