ဇူဇူဟာ ဇနီးသည် အပေါ် တော်တော် ရိုတယ်လို့ ပြောရမှာပါ။ သူဟာ ဇနီးသည်ပုံတူ ရုပ်တုကို ဖန်တီးပေးခဲ့သလို ဇနီးအတွက် ကမ္ဘာမှာ တစ်စီးထဲရှိတဲ့ ကားကို ပြုလုပ်ပေးခဲ့ပါတယ်။ အခုလည်း သူက ဇနီးအတွက် သီချင်း တစ်ပုဒ်ကို ဖန်တီးသီဆိုခဲ့ပါတယ်။
ဇူဇူက “ ကျွန်တော် ပထမဆုံး ပရက်စီလာ ကို တွေ့တဲ့အချိန်မှာ “Get Low” သီချင်းကို ဖွင့်ထားပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ ဒိတ်လုပ်တဲ့ Anniversary ရောက်တိုင်း အဲဒီသီချင်းကို နားထောင်ကြပါတယ်။ ဒီနှစ်မှာ ကျွန်တော်ဟာ Tpain နဲ့ ပူးပေါင်းပြီး အဲဒီသီချင်းရဲ့ ကိုယ်ပိုင် ဗားရှင်းကို ဖန်တီးခဲ့ပါတယ်။ အဲဒီသီချင်းကို Spotify မှာ တင်ထားပါတယ်။ ချစ်ပါတယ် P ရေ” လို့ အင်စတာဂရမ်မှာ ရေးသားထားပြီး သူနဲ့ ဇနီးရဲ့ ဓါတ်ပုံတွေကိုလည်း တင်ထားပါတယ်။ ဒါ့အပြင် သူနဲ့ Tpain တို့ စတူဒီယိုမှာ အဲဒီသီချင်းကို ဖန်တီးနေတဲ့ပုံတွေလည်း ပါပါတယ်။
ပရက်စီလာက အဲဒီ သီချင်းနဲ့ ပတ်သက်ပြီး “ အရမ်း ရိုမန့်တစ် ဆန်ပါတယ်။ ၂၁ နှစ်အကြာမှာ အဲဒီသီချင်းဟာ ပျော်ရွှင်စရာ အမှတ်တရများစွာကို ပြန်လည် ယူဆောင်လာပေးပါတယ်။ “ လို့ ပြောပါတယ်။
အဲဒီသီချင်းကို Spotify မှာ နားဆင်နိုင်ပါတယ်။ ( Zuck and T-Pain’s duo moniker, Z-Pain အမည်အောက်မှာ တင်ထားတာ ဖြစ်ပါတယ်။)
ဇူဇူဟာ အဲဒီသီချင်း သီဆိုရာမှာ အပြစ်အနာအဆာလေးတွေ ရှိပေမယ့် သူ့ရဲ့ ဇနီးအပေါ် ချစ်တဲ့ စိတ်ကို လူအများက လေးစားနေကြပါတယ်။
Ref: mashable